Top News

ချစ်သူဟောင်း ဘန်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ လက်ထပ်ထိမ်းမြားမှုအတွက် ဝမ်းသာကြောင်း ဂွင်းနက်ပယ်ထရို ပြောကြား
24htopnews | April 13, 2024 1:12 PM CST

အမေရိကန်သရုပ်ဆောင် မင်းသမီးဂွင်း နက်ပယ်ထရိုက ၎င်း၏ချစ်သူဟောင်း ဘန်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ လက်ထပ်ထိမ်းမြားမှုအတွက် ဝမ်းသာပျော်ရွှင်မိကြောင်း အခိုင်အမာပြောကြားခဲ့သည်။

The Goop ကုမ္ပဏီတည်ထောင်သူ အသက် ၄၉ နှစ်အရွယ်ပယ်ထရိုက ၎င်း၏ Instagram Story တွင် အမေးအဖြေအတွင်း ဘန်အက်ဖလက်၏ လက်ထပ်မှုနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘန်နှင့်ဂျေလိုတို့နှင့်ပတ်သက်၍ မည်ကဲ့သို့ ခံစားရကြောင်း မေးမြန်းရာ၌ ပယ်ထရိုက “ချစ်ခြင်းမေတ္တာ၊ စိတ်ကူးယဉ်ဆန်မှု၊ သူတို့နှစ်ယောက်အတွက် အရမ်းပျော်ရွှင်မိပါတယ်”ဟု ရေးသားထားသည်။

ထို့ပြင် သူက ၂၀၁၈ ခုနှစ်တွင် လက်ထပ် ထိမ်းမြားခဲ့သည့် ၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဘရတ်ဖယ်ချက်နှင့်အတူ တွဲရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြခဲ့သည်။

ပယ်ထရိုနှင့်ဘန်တို့သည် ၁၉၉၇ ခုနှစ် မှ ၂၀၀၀ ခုနှစ်အထိ တွဲခဲ့ကြသည်။ ဘန်နှင့်လမ်းခွဲခဲ့ပြီးနောက် ပယ်ထရိုသည် Coldplay အဖွဲ့ဝင် ခရစ်မာတင်နှင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး အက်ပဲလ်နှင့် မော့ဆက်အမည် ရှိကလေးနှစ်ဦးရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကွာရှင်းခဲ့သည်။


READ NEXT
Cancel OK