နာမည်ကျော်ရုံတင်ဇာတ်ကားကြီးများဖြစ်သည့် Crazy Rich Asians နှင့် Hustlers တို့တွင် အဓိကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သည့် အာရှနွယ်ဖွား အမေရိကန်မင်းသမီး ကွန်းစတန့်ဝူက တွစ်တာပေါ်မှတုံ့ပြန်မှုများကြောင့် သေကြောင်းကြံသည်အထိဖြစ်ခဲ့သည်ဟု လတ်တလောဆိုရှယ်မီဒီယာတွင် ဖွင့်ဟဝန်ခံထားသည်။
၂၀၁၉ ခုနှစ်က သူပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲ Fresh Off The Boat နှင့်ပတ်သက်ပြီး ကွန်းစတန့်ဝူက တွစ်တာပို့စ်များရေးခဲ့ပြီး ထိုပို့စ်များကြောင့် ဝေဖန်မှုများခံရပြီးနောက် သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာနှင့် သုံးနှစ်ကြာအဆက်ဖြတ်ပြီး ပြန်ရောက်လာသည့် ဝူက သူ၏ဖွင့်ဟဝန်ခံချက်ပို့စ်ထဲတွင် Making A Scene အမည်ဖြင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ထွက်မည့်အကြောင်းလည်း ကြေညာထားသည်။
ဝူက အနုပညာလောကသားများ၏ မုန်းတီးမှုကို ခံရခြင်းကြောင့် အတော်ပင်စိတ်ထိခိုက်ခဲ့ရသည်ဟု စာထဲတွင် ဆိုထားသည်။ “ဆိုရှယ်မီဒီယာကြောင့် သေလုနီးပါးဖြစ်ခဲ့ရတော့ ဆိုရှယ်မီဒီယာကို ပြန်လာရမှာကြောက်နေခဲ့တယ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကျွန်မရဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပြန်ရိုက်မှာနဲ့ပတ်သက်ပြီး ကျွန်မရဲ့မဆင်မခြင်ပို့စ်တွေကြောင့် အင်တာနက်မှာ ဒေါသတွေထွက်ကြ၊ အရှက်ခွဲကြ တာတွေဖြစ်ခဲ့တယ်။အတော်ဆိုးဆိုးပါပဲ” ဟု အသက် ၄၀ ရှိပြီဖြစ်သည့် ဝူက ရေးသားထားသည်။
“ဆက်လက်ပြီး ပို့စ်ထဲမှာ ကျွန်မပြောခဲ့တာတွေအတွက် စိတ်မသက်မသာ ဖြစ်ရတယ်။ လုပ်ဖော်ကိုင်ဖက် အာရှမင်းသမီးတစ်ဦးက ကျွန်မကို အာရှနွယ်ဖွား အမေရိကန်သားအသိုင်းအဝိုင်းမှာ အပယ်ခံဖြစ်လာလိမ့်မယ်လို့လည်း ပြောလာရော၊ ကျွန်မကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်မနေသင့်တော့ဘူး။ ငါမရှိမှ သူတို့တွေ ပိုကောင်းလိမ့်မယ်ဆိုတဲ့ အတွေးဝင်သွားတယ်” ဟု ဆိုထားသည်။
“ပြန်တွေးကြည့်ရင် အိပ်မက်လိုပါပဲ။ တချို့စကားတွေက ကျွန်မကိုယ်ကျွန်မ သတ်သေချင်လောက်အောင် တွန်းပို့ပေးခဲ့တယ်။ ကံကောင်းချင်တော့ မိတ်ဆွေတစ်ဦးကြောင့် စိတ်ကျန်းမာရေးအတွက် ကုဖြစ်ခဲ့တယ်” ဟု သမီးတစ်ဦးမိခင် ကွန်းစတန့်ဝူက ဖွင့်ဟခဲ့သည်။
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
-
တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
-
ထိုင်းနိုင်ငံရောက် မြန်မာမိဘများက မွေးဖွားသည့် ကလေးများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဟု မြန်မာသံရုံး ကြေညာ
-
■ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်