Top News

ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် Raging Fire ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် ဆုလေးဆု ရရှိ
24htopnews | April 13, 2024 1:12 PM CST

ဇူလိုင် ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အက်ရှင်ဇာတ်လမ်းဖြစ်သည့် Raging Fire က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုနှင့် အခြားဆုသုံးဆုတို့ကို ရရှိခဲ့သည်ဟု သိရသည်။

အကြိမ် ၄၀ မြောက် ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဟောင်ကောင်တွင် COVID-19 ကူးစက်မှုမြင့်မားနေခြင်းကြောင့် ဧပြီလမှစ၍ သုံးကြိမ်တိုင်တိုင်ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဇူလိုင် ၁၇ ရက်တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းဆုပေးပွဲသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း လူကိုယ်တိုင်တက်ရောက်နိုင်သည့် ပထမဆုံးဆုပေးပွဲလည်းဖြစ်လာခဲ့သည်။

Raging Fire တွင် အက်ရှင်မင်းသားဒွန်နီယန်းက အကျင့်ပျက်ခြစားခြင်းမရှိသော ရဲအရာရှိအဖြစ် သရုပ်ဆောင်ထားပြီး မင်းသား နီကိုလက်စ်ဆီက ၎င်းအား ထောင်ထဲထည့်ခဲ့ပြီးနောက် ယန်းအားလက်စားချေလိုသည့် ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းရုပ်ရှင်ကို ဒါရိုက်တာ ဘန်နီချန်းက ရိုက်ကူးထားခြင်းဖြစ်ပြီး ၎င်းအား post production လုပ်နေချိန်အတွင်း ချန်းသည် ၂၀၂ဝခုနှစ် သြဂုတ်လ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ယင်းဆုပေးပွဲ၌ ချန်းသည် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သည်။

Raging Fire ရုပ်ရှင်သည် အကောင်းဆုံးတည်းဖြတ်ဆုနှင့် အကောင်းဆုံးအက်ရှင် ရုပ်ရှင်ဇာတ်ကားဆုတို့ကိုလည်း ရရှိခဲ့သည်။

ယင်းဆုပေးပွဲတွင် ဆုအများဆုံးရရှိခဲ့သည့်ရုပ်ရှင်မှာ Mui အကြောင်းရိုက်ကူးထားသည့် အတ္ထုပ္ပတ္တိဒရာမာရုပ်ရှင်ဖြစ်သော Anita ဖြစ်သည်။၂၀၂၁ ခုနှစ်အတွင်း ဟောင်ကောင်ရုပ်ရှင်လောကတွင် ဝင်ငွေအများဆုံးရရှိသည့် Anita ရုပ်ရှင်သည်အကောင်းဆုံးဝတ်စုံနှင့်ဒီဇိုင်းဆု၊ အကောင်းဆုံးအသံဒီဇိုင်း ဆုအပါအဝင် ဆုပေါင်းငါးဆုကို ရရှိခဲ့သည်။


READ NEXT
Cancel OK