Aquaman မင်းသမီး အမ်ဘာဟတ်၏ ရှေ့နေများက ဂျူရီလူကြီးများမှ တစ်ဦးသည် မရိုးမသားပြုမူခဲ့ကြောင်း ပြောကြားချက်ကို တရားသူကြီးတစ်ဦးက ပယ်ချခဲ့ပြီးနောက် ခင်ပွန်းဟောင်း ဂျွန်နီဒပ်အား တရားစွဲဆိုမှုအသစ်တစ်ရပ်ပြုလုပ်ရန် လျှောက်ထားချက်ကို ဇူလိုင် ၁၃ ရက်တွင် လက်လွှတ်ခဲ့ရသည်။
ဗာဂျီးနီးယားပြည်နယ် ဖဲဖက်စ်ကောင်တီမှ ဂျူရီလူကြီးတစ်ဦးက ဟတ်သည် သတင်းစာတွင်ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ဖြင့် ဂျွန်နီဒပ်အား အသရေဖျက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် နစ်နာကြေးအဖြစ် ဒပ်အား ဒေါ်လာ ၁၀.၃၅ သန်းပေးရန် ဇွန်လက အမိန့်ထုတ်ပြန်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်အား ပယ်ချပေးရန်နှင့် မှားယွင်းသော တရားစွဲဆိုစီရင်မှုအဖြစ် ထုတ်ပြန်ပေးရန် ဟတ်၏ရှေ့နေများက တရား သူကြီးကို တောင်းဆိုခဲ့ပြီး ယင်းအမှုတွင်ပါဝင် သော ဂျူရီလူကြီးတစ်ဦးက ၎င်း၏ဆင့်ခေါ်စာ တွင် အမည်တူ၊ အိမ်လိပ်စာတူသည့် ၎င်း၏ ဖခင်အား ရည်ရွယ်၍ပေးပို့ထားခြင်းဖြစ်သည့် အတွက် အမှုထမ်းရန် အရည်အချင်းမပြည့်မီကြောင်း ခုခံပြောကြားခဲ့သည်။
တရားသူကြီး ပန်နီဇက်ကာရိတ်ကမူ ဂျူရီလူကြီးသည် လိမ်လည်ခြင်း သို့မဟုတ် မှားယွင်းမှုတစ်စုံတစ်ရာပြုလုပ်သည့် အထောက်အထားမရှိကြောင်းနှင့် ဂျူရီ၏ ဆုံးဖြတ်ချက်ကို ရပ်တည်သင့်ကြောင်း ထုတ်ပြန်ခဲ့သည်။
အသက် ၅၉ နှစ်အရွယ် ဒပ်က ဟတ်သည် The Washington Post သတင်းစာ၌ ၎င်းအား အိမ်တွင်းအကြမ်းဖက်သူအဖြစ် ဖော်ပြသုံးနှုန်းထားမှုအပေါ် အသရေဖျက်မှုစွဲချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဒပ်က အသက် ၃၆ နှစ်အရွယ် ဟတ် အား ရိုက်နှက်ခြင်းမပြုခဲ့ကြောင်း ငြင်းဆိုထားပြီး ဟတ်သာလျှင် ၎င်းင်းတို့ပတ်သက်မှု၌ တစ်ဦးတည်းသော အကြမ်းဖက်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ