Top News

သည်းထိတ်ရင်ဖိုရုပ်ရှင် Train To Busan ကို ဟောလိဝုဒ်ရုပ်ရှင်အဖြစ် ပြန်ရိုက်ကူးမည့်အစီအစဉ် အချိန့်အကန့်အသတ်မရှိ နောက်ဆုတ်
24htopnews | April 13, 2024 1:12 PM CST

ထိတ်လန့်ဖွယ်ကောင်းသည့် Zombie  ရုပ်ရှင်ဇာတ်ကားများစွာကို ဖန်တီးရိုက်ကူးကြသော်လည်း ဇာတ်ကားတိုင်းက ပရိသတ်အကြိုက်နှင့်ထပ်တူကျပြီး ကမ္ဘာကျော်သည်အထိ ဝက်ဝက်ကွဲအောင်မြင်ကြသည်တော့ မဟုတ်ပေ။

၂၀၁၆ ခုနှစ်ကထွက်လာသည့် တောင်ကိုရီးယားသည်းထိတ်ရင်ဖိုရုပ်ရှင် Train To Busan သည် ပြည်တွင်းပရိသတ်များသာမက ပြည်ပ၌ပါလူကြိုက်များခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးမည့် အစီအစဉ်များပင် ဖြစ်လာကြသည်။

Train To Busan ကို ရိုက်ကူးသည့် ဒါရိုက်တာ Yeon Sang-ho က နောက်ဆက်တွဲရုပ်ရှင် Peninsula  ကိုထပ်ရိုက်ထားပြီး ၂၀၂၀ ခုနှစ် ၊ ဇူလိုင်တွင် ရုံတင်ပြသခဲ့သည်။

မနှစ်ကနှောင်းပိုင်းတွင် Train To Busan ကိုပြန်ရိုက်မည့်ဟောလိဝုဒ်ဇာတ်ကားကို The Last Train To New York  ဟု အမည်ပေးထားသည်ဆိုသည့်သတင်းများ ထွက်လာသည်။ ရုံတင်မည့်နေ့ကိုလည်း ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁ ရက်ဟု ခန့်မှန်းကြေညာခဲ့ကြသည်။

ယခုတော့ ထိုအစီအစဉ်များ နောက်ဆုတ်လိုက်ပြီဖြစ်ပြီး ဝမ်းနားဘရော့စ် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက The Last Train To New York ကို ၎င်း၏ရုံတင်စာရင်းမှ ဖြုတ်လိုက်ပြီဖြစ်သည်။ နောက်ဆုတ်လိုက်သည့်အကြောင်းရင်းနှင့် ဇာတ်ကားထွက်လာနိုင်သည့်နေ့ရက်သစ်ကိုမူ မကြေညာပေ။

ဟောလိဝုဒ်ရုပ်ရှင်ပြန်ရိုက်မှုကို လုံးဝဖျက်သိမ်းလိုက်ပြီဟု ကြေညာခြင်းမဟုတ်သည့်အတွက် ထိုရုပ်ရှင်ကိုဖန်တီးမည့်အဖွဲ့သားများအတွက်လည်း ကြိုတင်ပြင်ဆင်ချိန်ပိုရလာပြီး အလောသုံးဆယ်မဖြစ်တော့ ပေ။

 TheTrain To New York ကို  အင်ဒိုနီးရှားဒါရိုက်တာ တီမိုဂျာယန်တိုက  ရိုက်ကူးရန်စီစဉ်ထားပြီး (Annabelle နှင့် The Num ဇာတ်ကားများ၏ဇာတ်ညွှန်းရေးဆရာ) ဂယ်ရီဒေါ်ဘာမန်က  ဇာတ်ညွှန်းရေးမည်ဖြစ်သည်။ တီမိုဂျာယန်တိုသည် သည်းထိတ်ရင်ဖိုဇာတ်ကားများဖြင့် နာမည်ကြီးသည့် ဒါရိုက်တာလည်းဖြစ်သည်။

Train To Busan ၏အမာခံပရိသတ်များကမူ Gong Yoo ကို အဓိကဇာတ်လိုက် နေရာတွင် မရွေးသရွေ့  ဟောလိဝုဒ်ကားကို ကြည့်မည်မဟုတ်ဟုပြောထားကြသည်။


READ NEXT
Cancel OK