Top News

တောဆိတ်ကိုသတ်သည့်ကိစ္စအတွက် တရားဝင်မတောင်းပန်မချင်း ဆယ်လ်မန်ခန်ကို ခွင့်လွှတ်မည်မဟုတ်ဟု လူဆိုးဂိုဏ်းခေါင်းဆောင် လောရန့်ဘစ်ရှ်နွိုင်က ထပ်သတိပေး
24htopnews | April 13, 2024 1:12 PM CST

ဘောလိဝုဒ်စတားဆယ်လ်မန်ခန်နှင့် ဖခင်ဆယ်လ်လင်ခန်တို့ကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ထွက်လာပြီး၍မှ သီတင်းပတ်အနည်းငယ်သာရှိသေးချိန် နောက်ထပ်ခြိမ်းခြောက်မှုများ ထွက်လာပြန်ပြီဖြစ်သည်။ ဆယ်လ်မန်ခန်ကို ခွင့်မလွှတ်ဟု ထပ်မံသတိပေးလာသည့်ကိစ္စကို မွမ်ဘိုင်းရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ အကျဉ်းကျနေသည့် ဘစ်ရှ်နွိုင်လူဆိုးဂိုဏ်းခေါင်းဆောင် လောရန့်ဘစ်ရှ်နွိုင်၏ လက်ချက်ဖြစ်သည်ကို တွေ့ခဲ့သည်။          

တောဆိတ်ကိုသတ်ဖြတ်ခဲ့သည့်ကိစ္စဖြင့် ဆယ်လ်မန်ခန်ကိုသတ်မည်ဟု ၂၀၁၈ ခုနှစ်တွင် ဘစ်ရှ်နွိုင်၏လက်ထောက်က ခြိမ်းခြောက်ထားဖူးသည်။ တောဆိတ်ကို အထွတ်အမြတ်ထားဖွယ် အကောင်များအဖြစ် ဘစ်ရှ်နွိုင်က မှတ်ယူထားသည်။ ဘစ်ရှ်နွိုင်ဂိုဏ်းတွင် အဖွဲ့ဝင် ၇၀၀ ခန့်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်တွင် ဘစ်ရှ်နွိုင်က တောဆိတ်ကိစ္စအတွက် ဆယ်လ်မန်ကို ၎င်းတို့က ခွင့်လွှတ်မည်မဟုတ်ကြောင်း၊ ဆယ်လ်မန်ခန်ဘက်က လူသိရှင်ကြားတောင်းပန်လာမှသာ ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးမည်ဖြစ်ကြောင်း ထပ်သတိပေးထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုဖြစ်ရပ်မတိုင်မီ ဆယ်လ်မန်ခန်၏ရှေ့နေ ဟတ်စတီမယ်ဆာရာဆွက်ဆိုသူကလည်း ခြိမ်းခြောက်စာတစ်စောင်ရထားသည်ဟု ရဲတပ်ဖွဲ့ထံ တိုင်တန်းထားသည်။ ထိုစာသည်  ဆယ်လ်မန်ခန်ကိုပေးခဲ့သည့် ခြိမ်းခြောက်စာနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်။

၎င်းရှေ့နေအဆိုအရ စာထဲတွင် ရန်သူ၏မိတ်ဆွေသည် ရန်သူပင်ဖြစ်ပြီး မုစ်ဝါလာကဲ့သို့ပင် လုပ်မည်လားဟု ရေးထားသည်။

ခြိမ်းခြောက်သူက ဆယ်လ်မန်ခန်၏စာထဲတွင် LB-GB ဟုရေးထားပြီး ရှေ့နေကို ပေးသည့်ခြိမ်းခြောက်စာထဲတွင်လည်း ထိုသို့ရေးထားသည်။ LB က လော့ရန့်ဘစ်ရှ်နွိုင်ကိုရည်ညွှန်းပြီး GB က ဂိုဒီဘရာ(ဘစ်ရှ်နွိုင်နှင့်အနီးကပ်နေသူ လူဆိုးဂိုဏ်းသား)ကို ရည်ညွှန်းသည်။

မေ ၂၉ ရက်က ပန်ဂျာဘီအဆိုတော် ဆစ်ဒူမုစ်ဝါလာအသတ်ခံရမှုကို ဂိုဒီဘရာက ဝန်ခံထားပြီး ဗြိတိန်နှင့် ကနေဒါနိုင်ငံများတွင် အခြေချသည့် အိန္ဒိယနှင့်ပန်ဂျာဘီ လူမျိုးများအကြား ရေပန်းစားသူ မုစ်ဝါလာသည် ကားမောင်းလာရင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့သည်။


READ NEXT
Cancel OK