၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရုံတင်ပြသတော့မည့် The Point Men ရုပ်ရှင်ဇာတ်ကားကြီးမှ မင်းသားဟွန်ဘင်း၏ ဇာတ်ရုပ်နှင့်လိုက် ဖက်သည့်အပြင်အဆင်ဟန်ပန်များသည် ပရိသတ်များကို ရင်ခုန်စိတ်လှုပ်ရှားစေမည်မှာ အသေအချာပင်ဖြစ်သည်။
ထိုဇာတ်ကားတွင် ဟွန်ဘင်းက ယခင်ဇာတ်ရုပ်များတွင် မြင်ခဲ့ရသည့်ပုံစံမျိုးနှင့် လုံးဝကွဲထွက်စွာ ထူးခြားနေသည်ကိုမြင်ရမည် ဖြစ်ပြီး ၎င်းပါဝင်ရသည့်ဇာတ်ရုပ်နှင့်လိုက်အောင် ခပ်ကြမ်းကြမ်းပုံစံမျိုး ပြောင်းယူထားသည်။
ဟွန်ဘင်းပါဝင်ကာ စက်တင်ဘာကရုံတင်ထားသည့် Confidential Assignment 2:International ဇာတ်ကားမှာလည်းအောင် မြင်ထားပြီးရုံတင်သည့် ပထမသီတင်းပတ်မှာပင် လာရောက်အားပေးသူ နှစ်သန်းကျော်ရှိခဲ့သည်။
The Point Men ဇာတ်ကားကို အခြားနာမည်တစ်ခုဖြင့် Negotiation ဟုလည်းခေါ်ပြီး ဇာတ်လမ်းက တာလီဘန်အဖွဲ့ပြန်ပေးဆွဲ ထားသည့် ကိုရီးယားဓားစာခံများကို ကယ်ထုတ်ရန် အာဖဂန်နစ္စတန်သို့ရောက်သွားသည့် NIS အေးဂျင့်တစ်ဦးနှင့် သံတမန်တစ် ဦးအကြား ညှိနှိုင်းရေးဗျူဟာအကြောင်း ဖြစ်သည်။
ဇာတ်လမ်းအရ ဟွန်ဘင်းက အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းရေးရာကို ကျွမ်းကျင်သည့် NIS အေးဂျင့် Park Dae Sik နေရာမှဖြစ်သည်။
၎င်းသည် ကိုရီးယားမှထွက်လာသည်မှာ ကြာပြီဖြစ်ပြီး အီရတ်စစ်ပွဲတစ်ခုအတွင်း ဓားစာခံများကို မကယ်တင်နိုင်ခဲ့သည့် အတိတ် ဆိုးစိတ်ဒဏ်ရာနှင့် နေထိုင်နေသူဖြစ်သည်။ အထက်လူကြီးများ၏ အသုံးချမှုကိုခံနေရသည်ဆိုသည့် ခံစားချက်ဖြင့် အလုပ်မှထွက်ခါနီး အာဖဂန်တွင် တောင်ကိုရီးယားနိုင်ငံသားများ ဓားစာခံအဖြစ်အဖမ်းခံထားရသည်ကို သိသွားပြီး အလုပ်အပေါ်စိတ်ပျက်နေမှုကိုဘေးချိတ်၊ အာဖဂန်ကိုသွားရောက်ကာ ဓားစာခံများလွတ်မြောက်ရေးကို ကြိုးပမ်းခဲ့သည်။
The Point Men သည် ဟွန်ဘင်းဖခင် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးပိတ်ကား ထက်ပေါ်ရောက်သည့် ဇာတ်ကားလည်းဖြစ်သည်။ ဇာတ်ကားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် ကိုရီးယားရုပ်ရှင်ရုံများ၌ စတင်ပြသမည်။
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား
-
မြောက်ဥက္ကလာပမြို့နယ်တွင် ကျပ် မူးယစ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ