ဗြိိတိန်အဆိုတော်ဟယ်ရီစတိုင်လ်၏ အောင်မြင်ကျော်ကြားတေးသီချင်းတစ်ပုဒ် ဖြစ်သည့် As It Was က Spotify တွင် ယခု နှစ်၏နားဆင်မှုအများဆုံးသီချင်းအဖြစ် သတ်မှတ်ခံထားရသည်။
ကမ္ဘာတစ်ဝန်းက ပရိသတ်များရွေးချယ် နားဆင်သည့်သီချင်းများကို Spotify အွန်လိုင်းပလက်ဖောင်းက အဆင့်သတ်မှတ်ခဲ့ရာ One Direction အဖွဲ့ဝင်ဟောင်းဟယ်ရီစတိုင်လ်၏ As It Was သီချင်းက ကမ္ဘာတစ်ဝန်းနားဆင်မှုအကြိမ်ရေ ၁ ဒသမ ၆ ဘီလျံနီး ပါးရှိခဲ့သည်။
ထို့ပြင် Spotify က လူကြိုက်အများဆုံး အဆိုတော်များ၊ သီချင်းများ၊ တေးအယ်လ်ဘမ်များစာရင်းကိုလည်း ကြေညာထားပြီး ဗြိတိန်တွင် လူကြိုက်အများဆုံးအဆိုတော် စာရင်း၌ တေလာဆွစ်က ဗိုလ်စွဲထားကာ ထိပ်ဆုံးငါးဦးထဲတွင် ဒရိတ်ခ်၊ အက်ရှီရန်၊ ဟယ်ရီစတိုင်လ်နှင့် ကာညေးဝက်စ်တို့ အစဉ်လိုက်ရပ်တည်နေသည်။
ဗြိတိန်တွင် လူကြိုက်အများဆုံးသီချင်း စာရင်းတွင် As It Was က နံပါတ်(၁)၊အက်ရှီရန်၏ Shivers နှင့် Bad Habits သီချင်းတို့က နံပါတ်(၈)နှင့်(၉) တွင် ရပ်တည်နေသည်။
ဗြိတိန်တွင် လူကြိုက်အများဆုံးတေး အယ်လ်ဘမ်စာရင်း၌မူ ဟယ်ရီစတိုင်လ်၏ Harry’s House က နံပါတ်(၁)ဖြစ်ပြီး အက် ရှီရန်၏ =(Equals)က နံပါတ်(၂)၊ အိုလီဗီယာရော့ဒရီဂို၏ Sour ကနံပါတ်(၄)၊ တေလာဆွစ်၏ Midnights ကနံပါတ်(၅) နေရာရ ယူထားသည်။
ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံးအဆို တော်စာရင်းလည်း ထုတ်ထားပြီး ဘတ်ဘန်နီက ဗိုလ်စွဲကာ တေလာဆွစ်၊ ဒရိတ်ခ်၊ The Weeknd ၊ BTS တို့ ထိပ်ဆုံးငါးနေရာတွင် ရပ်တည်နေသည်။ထိပ်ဆုံး ၁၀ ဦးထဲတွင် အက်ရှီရန်၊ ဟယ်ရီစတိုင်လ်၊ ဂျက်စတင်ဘီ ဘာ၊ ကာညေးဝက်စ်နှင့် အမ်မီနမ်တို့လည်းပါသည်။
ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံးသီချင်းများ၏ နံပါတ်(၁) နေရာတွင် As It Was ရှိပြီး ဘတ်ဘန်နီက သီချင်းသုံးပုဒ်ပါနေကာ The Kid Laroi နှင့်ဘီဘာတို့တွဲဆိုထားသည့် Stay သီချင်းလည်းပါဝင်သည်။
ကမ္ဘာတစ်ဝန်းလူကြိုက်အများဆုံးတေး အယ်လ်ဘမ်စာရင်းတွင် ဘတ်ဘန်နီ၏ Un Verano Sin Ti က ဗိုလ်စွဲပြီး ဟယ်ရီ၏ Harry’s House က နံပါတ်(၂) ဖြစ်သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား