Miss Earth 2022 ပြိုင်ပွဲ၏ Winner ဆုကို အသက် ၂၄ နှစ်အရွယ် တောင်ကိုရီးယားအလှမယ် Mina Sue Choi က ဆွတ်ခူးသွားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံက Miss Earth ယှဉ်ပြိုင်လာသည့် အနှစ် ၂၀ အတွင်း ပထမဆုံး Winner ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ဖွား Choi သည် 2021 Miss Korea ပြိုင်ပွဲတွင် အလှမယ် Kim Su-jin ဆိုသူနှင့်အတူ 1st Runner-up ဆုရခဲ့ပြီး ပုံမှန်အားဖြင့် ၎င်းပြိုင်ပွဲမှ runner-up ဆုရှင်များကို နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသို့ စေလွှတ်လေ့ရှိသည့်အတွက် Choi က Miss Earth Korea 2022အဖြစ် ၊Kim က Miss International Korea 2022 အဖြစ် ကိုယ်စားပြုစေလွှတ်ခံခဲ့ရသည်။
Miss Universe ၊Miss World ၊Miss International ၊ Miss Earth နှင့် Miss Supranational ဆိုသည့် အဓိကအလှမယ် ပြိုင်ပွဲကြီးငါးခုရှိပြီး Choi ရှေ့တွင် တောင်ကိုရီးယားအလှမယ် Jenny Kim က Miss Supranational 2017 ဆုကိုရယူပေးထားသည့် နိုင်ငံ၏တစ်ဦးတည်းသောဆုရှင်ဖြစ်သည်။
ယခုနှစ် Miss Earth ပြိုင်ပွဲတွင် သြစတြေးလျအလှမယ်က Miss Earth 2022 Air ၊ ပါလက်စတိုင်းအလှမယ်က Miss Earth 2022 Water ၊ ကိုလံဘီယာအလှမယ်က Miss Earth 2022 Fire ဆုတို့ အသီးသီး ဆွတ်ခူးခဲ့သည်။
Choi ကိုမူ Miss Earth 2021 ပြိုင်ပွဲတွင် Winner ဆုရှင်ဖြစ်ခဲ့သည့် ဘလိဇ်အလှမယ်က သရဖူလွှဲပြောင်းပေးခဲ့သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား