Top News

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ထောက်ခံမှုဖြင့် ဖမ်းဆီးခံထားရသည့် အီရန်ရက်ပ်အဆိုတော် သေဒဏ်ကျမည့်အခြေအနေ ရင်ဆိုင်နေရ
24htopnews | April 12, 2024 1:13 AM CST

အီရန်နိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ထောက်ခံအားပေးမှုဖြင့် ဖမ်းဆီးခံထားရသူ အီရန်ရက်ပ်အဆိုတော် တူမာ့ဂျ်ဆာလဟီကို နိုဝင်ဘာ ၂၆ ရက်က တံခါးပိတ်ရုံးထုတ်စစ်ဆေးလိုက်ပြီးနောက် ၎င်းတွင် အသက်အန္တရာယ်ရှိနေပြီဟု ၎င်း၏မိသားစုက ပြောဆိုထားသည်။

ခေါင်းခြုံပဝါဝတ်မှုဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုဖြင့် တီဟီရန်တွင် ဖမ်းဆီးခံလိုက်ရသည့် မာဆာအာမီနီဆိုသည့်မိန်းကလေး စက်တင်ဘာ ၁၆ ရက်တွင် သေဆုံးသွားရာမှ အီရန်နိုင်ငံတစ်ဝန်း အစိုးရနှင့်ဆန္ဒပြသူများအကြား အခြေအနေတင်းမာလျက်ရှိသည်။

အီရန်ရက်ပ်ဂီတနယ်ပယ်တွင် ထင်ရှားသည့် ဆာလဟီသည် ဆန္ဒပြသူများဘက်မှထောက်ခံကာ အစိုးရကို ဝေဖန်သည့်အတွက် အောက်တိုဘာနှောင်းပိုင်းက ဖမ်းဆီးခံခဲ့ရပြီး လတ်တလော၎င်းမိသားစုက တွစ်တာတွင် ဆာလဟီသည် သေဒဏ်ပေးနိုင်သည့် ရှရီယာအစ္စလာမ္မစ်ဥပဒေဆိုင်ရာ စွဲချက်များ စွဲခံထားရသည့်အတွက် အသက်အန္တရာယ်များစွာရှိနေသည်ဟု ဖော်ပြထားသည်။

ဆာလဟီသည် ပျောက်သွားပြီးနောက် နိုဝင်ဘာ ၂ ရက်က နိုင်ငံပိုင်ရုပ်သံမှထုတ်လွှင့်သည့် ဗီဒီယိုတစ်ခုတွင် ပါလာပြီး ၎င်း၏အမှားကို ဝန်ခံပြောဆိုထားသည်။

တက်ကြွလှုပ်ရှားသူများကမူ ၎င်းဗီဒီယိုကို အကျပ်ကိုင်ခြိမ်းခြောက် ရိုက်ကူးထားခြင်းဖြစ်သည်ဟု တုံ့ပြန်ကြသည်။

ဆာလဟီသည် ကနေဒါရုပ်သံ CBC နှင့် အင်တာဗျူးတွင် အစိုးရဝေဖန်ရေးအကြောင်းများ ပြောခဲ့ပြီး မကြာမီ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။


READ NEXT
Cancel OK