ပေါ့ပ်အဆိုတော် Britney Spears ၏ အရေးကိစ္စများကို ဖခင်ဖြစ်သူက ထိန်းချုပ်နေမှုနှင့်ပတ်သက်၍ ဖြစ်ပွားနေသော တရားရင်ဆိုင်မှုအတွင်း ဇွန် ၂၃ ရက်တွင် လော့အိန်ဂျလိစ်တရားရုံး၌ လုပ်ဆောင်မည့် ကြားနာစစ်ဆေးမှုသို့ Britney Spears ကိုယ်တိုင် တက်ရောက်သွားမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
အသက် ၃၉ နှစ်အရွယ် အဆိုတော် Britney သည် စိတ်အခြေအနေ မတည်မငြိမ်ဖြစ်မှုကို ခံစားနေရသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး စိတ်ရောဂါကုသမှုကို ခံယူခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဖခင်ဖြစ်သူ Jamie Spears ကို Britney ၏ အုပ်ထိန်းသူ၊ အကြံပေးအဖြစ် တရားရုံးက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ Britney ၏ အုပ်ထိန်းသူအဖြစ် တာဝန်ယူခဲ့ချိန်အတွင်း Jamiem Spears သည် သမီးဖြစ်သူ၏ ပုဂ္ဂိုလ်ရေးကိစ္စများ၊ ငွေကြေးကိစ္စများအပါအဝင် Britney ၏ ဆေးကုသမှု၊ လုံခြုံရေးနှင့် အလုပ်အကိုင်ကိစ္စများ ကို ထိန်းချုပ်ခြယ်လှယ်ခဲ့မှုကြောင့် Britney က ပြီးခဲ့သည့်နှစ်တွင် ၎င်း၏ဖခင်အား အုပ်ထိန်းသူအဖြစ်မှ ဖယ်ရှားပေးရန် တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကာ ၎င်းပိုင်ဆိုင်သည့် ငွေကြေးများကို တစ်ဦးတည်းကိုယ်တိုင် စီမံခန့်ခွဲခွင့်ပေးရန် Britney က တောင်းဆိုခဲ့သည်။
Jamie Spears အား Britney ၏ အုပ်ထိန်းသူအဖြစ်မှ ဖယ်ရှားရေးအတွက် တရားရင်ဆိုင်နေရသည့်အမှုတွင် Britney အနေဖြင့် ယခင်တရားရုံးကြားနာမှုများသို့ တက်ရောက်လေ့မရှိခဲ့သလို ဖခင်ဖြစ်သူ၏ ထိန်းချုပ်ခြယ်လှယ်မှုနှင့်ပတ်သက်၍ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ဖူးခြင်း မရှိပေ။
တရားရုံးကြားနာမှုတွင် Britney အနေဖြင့် ထွက်ဆိုလိုကြောင်း Britney ၏ ရှေ့နေက တောင်းဆိုခဲ့ပြီးနောက် လော့အိန်ဂျလိစ်တရားသူကြီးက ရုံးချိန်းကို ဇွန် ၂၃ ရက်သို့ ချိန်းဆိုခဲ့သည်။
ဖေဖော်ဝါရီလတွင် Britney ၏ မှတ်တမ်းရုပ်ရှင်ဖြစ်သော Framing Britney Spears ကို ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်း Britney ၏ အမှုကိစ္စအပေါ် လူထုစိတ်ဝင်စားမှု တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။
ဖခင်၏ ထိန်းချုပ်မှုအောက်တွင် Britney တစ်ယောက် အကျဉ်းသားသဖွယ် ထိန်းချုပ်ခံရသည်ဟု ၎င်း၏ပရိသတ်များက ယူဆနေကြခြင်းကြောင့် ထိုမှတ်တမ်းရုပ်ရှင်ထွက်ရှိလာခဲ့ပြီးနောက်ပိုင်း Britney ၏ ပရိသတ်များအကြား #FreeBritney လှုပ်ရှားမှု ထွက်ပေါ်လာခဲ့သည်။
ဧပြီ ၂၇ ရက်က #FreeBritney လှုပ်ရှားမှု ထောက်ခံသူများက လော့အိန်ဂျလိစ်တရားရုံအပြင်ဘက်တွင် စုဝေးခဲ့ကြသည်။
ဖခင်၏ အုပ်ထိန်းမှုအောက်တွင် ရှိနေစဉ်အတွင်း Britney သည် စိတ်ကျန်းမာရေး ထိခိုက်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ခဲ့ကာ ထိုကာလအတွင်း နေအိမ်၌ ကနေသည့် ပုံနှင့်ဗီဒီယိုများကို Britney က လူမှုမီဒီယာထက်တွင် တင်ခဲ့သည်။ Britney သည် ဖခင်ဖြစ်သူကို ကြောက်ရွံ့နေရကြောင်း ၎င်း၏ရှေ့နေက ပြောကြားခဲ့သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား