သရုပ်ဆောင် ရဝေအောင်သည် ကြော်ငြာ၊ ပြက္ခဒိန်၊ VCD များစွာနှင့် ရုပ်ရှင်၊ ဗွီဒီယို ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး အနုပညာလောကနှင့် ဆယ်စုနှစ်နီးပါး ဝေးကွာသွားခဲ့ကာ ဖခင်ကျန်းမာရေးကြောင့် အနုပညာအလုပ်များနှင့်ဝေးကွာခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော် မီဒီယာအင်တာဗျူးတွေတောင် မဖြေဖြစ်ဘူး။ အနုပညာကို ပြန်စိတ်ပါသွားမှာစိုးလို့။ အဖေကျန်းမာရေးကြောင့်သာအနုပညာအလုပ်ကို မလုပ်ဖြစ်တော့တာဆိုတော့ စိတ်ထဲမှာအနုပညာပိုးရရှိနေပြီးသားပါ။ အနုပညာမောင်နှမတွေ ပြန်တွေ့တဲ့အခါ၊ အရင်က ကိုယ်လုပ်ခဲ့တဲ့ အနုပညာအလုပ်တွေကို ပြန်မြင်ရတဲ့အခါ အနုပညာကို ပြန်လုပ်ချင်စိတ်ဖြစ်တယ်။ ကျွန်တော်က တခြားအနုပညာလှုပ်ရှားမှုထက် ပြက္ခဒိန်တော်တော်ရိုက်ခဲ့ရတာ။ အဲဒီအချိန်တုန်းက ပြက္ခဒိန်တစ်ခုရိုက်တော့မယ်ဆိုရင် ရိုက်ကွင်းကိုသေချာတည်ပြီး ခရီးတွေထွက်ပြီးတော့ကို ရိုက်ကြတာ။ အဲဒီအချိန်ကို ပြန်တွေးကြည့်ရင် စိတ်ကအမြဲကြည်နူးတယ်။ ပရိသတ်ကလည်း အရမ်းအားပေးတာလေ။ ပြက္ခဒိန်ရာသီဆိုအရမ်းကိုအလုပ်များတာ။ ရိုက်သမျှ ပြက္ခဒိန်ကလည်း ရောင်းကောင်းတယ်လို့ ပြောတယ်။ ကျွန်တော်တို့ခေတ်နဲ့ အခုခေတ်ကလည်းကွာပြီလေ။ ပရိသတ်က ကျွန်တော့်ကို အခုထိမမေ့သေးလို့ ကျေးဇူးတင်ပါတယ်” ဟု သရုပ်ဆောင်ရဝေအောင်က ပြောကြားသည်။
ဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ရန် လာရောက်ကမ်းလှမ်းခြင်းမျိုးရှိသော်လည်း ရိုက်ကူးရန် ငြင်းခဲ့ကြောင်း၊ အနုပညာမောင်နှမများကလည်း ပြန်လည်သရုပ်ဆောင်ရန် တိုက်တွန်းပေမဲ့ ၎င်းအနေဖြင့် အနုပညာလှုပ်ရှားမှုများကို ငြင်းဆိုခဲ့ကြောင်း သိရသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား