မြန်မာပရိသတ်များအကြားတွင် Pee Mak မင်းသမီးဟု အသိများသည့် ထိုင်းမင်းသမီး Mai Davika ပါဝင်သရုပ်ဆောင်ထားသော ဒရာမာဇာတ်လမ်းတွဲ Wanthong သည် ထိုင်းရုပ်သံလိုင်း ONE 31 ၏ ရုပ်သံ ထုတ်လွှင့်မှုသမိုင်းတွင် ကြည့်ရှုသူပရိသတ်အများဆုံး ထိုင်းဇာတ်လမ်းတွဲဖြစ်လာခဲ့ကြောင်း သိရသည်။
Wanthong ဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် ONE 31 ရုပ်သံလိုင်း၌ စတင်ထုတ်လွှင့်ပြသခဲ့ပြီး အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များတွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ Wanthong ဇာတ်လမ်းတွဲ၏ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသခဲ့သည့် ဧပြီ ၂၀ ရက်တွင် ONE 31 ရုပ်သံလိုင်းကို ကြည့်ရှုသူ ၇.၇၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
Wanthong ဇာတ်လမ်းတွဲသည် ထိုင်းစာပေသမိုင်းတွင် အထင်ရှားဆုံး စာပေလက်ရာတစ်ခုဖြစ်သော Khun Chang Khuyn Phaen ပျို့ကဗျာရှည်တွင် သီကုံးရေးစပ်ထားသည့် အကြောင်းအရာကို အခြေခံ၍ ရိုက်ကူးပုံဖော်ထားပြီး ရိုက်ကွင်းနောက်ခံကို အယုဒ္ဓယခေတ်အပြင်အဆင်များဖြင့် တင်ဆက်ထားခြင်းဖြစ်သည်။
ငယ်ရွယ်၊ ချောမောလှပပြီး ဂုဏ်သိက္ခာကို အလေးထားထိန်းသိမ်းသူ မိန်းမပျိုတစ်ဦးဖြစ်သည့် Wanthong သည် သူ၏ငယ်သူငယ်ချင်းနှစ်ဦးဖြစ်သော Khun Paen နှင့် Khun Charng အမည်ရှိ အမျိုးသားနှစ်ဦး၏ ချစ်ခင်နှစ်သက်မှုကို ခံရသူဖြစ်သည်။ ဆင်းရဲသော်လည်း ထက်မြက်ပြီး လက်ရုံးရည်၊ နှလုံးရည်ဖြင့်ပြည့်စုံသည့် Khun Paen နှင့် Wanthong တို့ မေတ္တာမျှနေကြခြင်းကို မနာလိုမုန်းတီးသူ Khun Charng မှာ ချမ်းသာကြွယ်ဝသော်လည်း စိတ်ဓာတ်ညံ့ဖျင်းသူ တစ်ဦးဖြစ်သည်။ Wanthong ကို ပိုင်ဆိုင်ရရန်အတွက် Khun Charng တစ်ယောက် မကောင်းသော အကြံအစည်များ ထုတ်သုံးခဲ့ပြီးနောက်ပိုင်း Wanthong ၊ Khun Paen နှင့် Khun Charng အကြား ဖြစ်ပွားလာသည့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။
ဒါရိုက်တာ Sant Srikaewlaw ရိုက်ကူးထားသော Wanthong ဇာတ်လမ်းတွဲတွင် Wanthong ဇာတ်ကောင်နေရာ၌ မင်းသမီး Mai Davika ၊ Khun Paen ဇာတ်ကောင်နေရာတွင် မင်းသား Pong Nawat Kulrattanarak ၊ Khun Charng ဇာတ်ကောင်နေရာတွင် မင်းသား Krit Shahkrit Yamnam တို့က ပါဝင်သရုပ်ဆောင်ထားသည်။
Wanthong ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသပြီးနောက်ပိုင်းတွင် လူမှုမီဒီယာများထက်၌ ယင်းဇာတ်လမ်းတွဲနှင့်ပတ်သက်၍ အကောင်းမြင်မှတ်ချက်အများအပြား ထွက်ပေါ်လာခဲ့ပြီး ကျရာဇာတ်ကွက်အပေါ် မင်းသမီး Davika ၏ သရုပ်ဆောင်ပိုင်နိုင်မှုနှင့် ပတ်သက်၍လည်း ချီးကျူးရေးသားမှုများ ရှိခဲ့သည်။ ထို့ပြင် Twitter ထက်၌ ထိုင်းနိုင်ငံမှ Trend ဖြစ်သောအကြောင်းအရာထဲတွင် Wanthong ဇာတ်လမ်းတွဲနာမည်က ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား