၉၃ ကြိမ်မြောက် အမေရိကန်ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်တွင် လော့စ်အန်ဂျလိစ်ရှိ Union Station တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အော်စကာဆုအတွက် အကြိုထုတ်ပြန်သည့် ဆန်ခါတင်စာရင်းထဲတွင် အကောင်းဆုံးဇာတ်ကားဆုအပါအဝင် ဆုနေရာခြောက်ခုအတွက် Nomadland ဇာတ်ကားက လျာထားခံရ ကြောင်း သိရသည်။
စာရေးဆရာ ဂျက်စီကာဘရူဒါ၏ Nomadland စာအုပ်ကို အခြေခံထားပြီး ဒါရိုက်တာ Chloe Zhao ရိုက်ကူးထားသည့် Nomadland ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်တွင် ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသခဲ့ပြီး အမေရိကန်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်၌ ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။
စီးပွားရေးပျက်ကပ်ဖြစ်ပွားနေသည့် ကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးခဲ့သည်သာမက ချစ်ရသည့် ခင်ပွန်းကိုပါ ဆုံးရှုံးခဲ့သည့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီး Fern သည် ၎င်းပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာအားလုံးကို ရောင်းချရန်ဆုံးဖြတ်ခဲ့ပြီး မော်တော်ကားတစ်စီး ဝယ်ယူခဲ့သည်။ ယင်းမော်တော်ကားဖြင့် အမေရိကန်အနောက်ဘက် ဒေသတစ်ခွင်သို့ တစ်ကိုယ်တော်ခရီးထွက်ကာ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်နေသော အမျိုးသမီးတစ်ဦး၏ ဘဝဇာတ်ခုံကို Nomadland ဇာတ်ကားတွင် စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။
Nomadland ဇာတ်ကားတွင် နာမည်ကျော် သရုပ်ဆောင်များဖြစ်ကြသည့် Frances MCDormand၊ David Strathairn၊ Linda May၊ Swankie တို့ ပါဝင်အားဖြည့်ထားကြပြီး ဒေါ်လာငါးသန်းဝန်းကျင် အကုန်ကျခံ ရိုက်ကူးထားသည်။
၂၀၂၁ ခုနှစ်အတွက် အော်စကာဆုဆန်ခါတင်စာရင်းတွင် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်း၌ Nomadland ဇာတ်ကားမှ ဇာတ်ဆောင်မင်းသမီး Frences MCDormand ပါဝင်နေပြီး အကောင်းဆုံးဒါရိုက်တာ ဆုဆန်ခါတင်စာရင်းတွင်လည်း Nomadland ဇာတ်ကား၏ ဒါရိုက်တာ Chloe Zhao ပါဝင်နေသည်။
ထို့ပြင် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု၊ တစ်နှစ်တာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်း ဆုဆန်ခါတင်စာရင်းတွင်လည်း Nomadland ဇာတ်ကား ပါဝင်နေရာ စုစုပေါင်း အော်စကာဆုဆန်ခါတင်စာရင်း၏ ဆုနေရာခြောက်နေရာ၌ ဖော်ပြခံရခြင်းဖြစ်သည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား