တောင်ကိုရီးယားနာမည်ကျော် K-Pop အဖွဲ့ BTS ၏ အဖွဲ့ဝင်ဗွီက Barbie ရုပ်ရှင်သည် ၎င်းအပေါ် လေးလေးနက်နက်သက် ရောက်မှုရှိသည်ဟု W Korea မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဗွီက ယင်းအင်တာဗျူးတွင် ၎င်း၏စိတ်ကူးများ၊ စိတ်ခံစားချက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအပြင် ၎င်း၏အချစ်ဆုံးခွေးလေး Yeontan ၏အကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။
ခွေးလေး Yeontan နှင့်ပတ်သက်၍ ဗွီက “Yeontan က အရမ်းစားပါတယ်။ ကျွန်တော် သူ့ကို အစာအမြဲကျွေးရတယ်။ သူ့ကို မကြာသေးမီကမှ အမွှေးလေးတွေ ညှပ်ပေးထားတယ်။ သူက အရမ်းချစ်ဖို့ကောင်းပါတယ်”ဟု ဆိုသည်။
W Korea မဂ္ဂဇင်းက ၎င်းလတ်တလော ကြည့်ရှုခဲ့သည့် ရုပ်ရှင်ကားကောင်းတစ်ကားကို ပြောပြပါဟု မေးမြန်းခဲ့ရာ၌ ဗွီက “ကျွန်တော် Barbie ရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော် လတ်တလောကြည့် ဖြစ်တဲ့ရုပ်ရှင်တွေထဲမှာ ကျွန်တော့်အပေါ် သက်ရောက်မှုအရှိဆုံး ရုပ်ရှင်ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဗွီက ၎င်း၏အယ်လ်ဘမ်အသစ်နှင့်ပတ်သက်၍လည်း “ကျွန်တော့်ရဲ့သီချင်းတွေကို မျက်မှောက်ခေတ်ကာလနဲ့ လူတွေကြိုက်လောက်မယ့်ပုံစံမျိုး ဖန်တီးဖို့ ကြိုးစားခဲ့ပါတယ်။ နေဝင်တဲ့အချိန် ကားမောင်းရင် အလုပ်ကအပြန် နားထောင်ဖို့ အကောင်းဆုံးသီချင်းပုံစံမျိုးတွေပေါ့”ဟု ဖြေကြားခဲ့သည်။
ဗွီ၏ ပထမဆုံး တစ်ကိုယ်တော် အသေးစားအယ်လ်ဘမ်ဖြစ်သည့် Layover ကို စက်တင်ဘာ ၈ ရက်တွင် ဖြန့်ချိသွားမည်ဖြစ်သည်ဟု သိရသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား