တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး Kim Ji Eun သည် မကြာသေးမီက COVID-19 ကူးစက်ခံလိုက်ရသည့်အတွက် ကုသရေးစင်တာတွင် တက်ရောက်ကုသလျက်ရှိသည်။ ထိုသတင်းကို သူမ၏အေဂျင်စီ HB Entertainment က အတည်ပြုထားသည်။
သြဂုတ် ၁၁ ရက်က ဒရာမာရုပ်ရှင်ကား တစ်ကား ရိုက်ကူးမှုပြီးဆုံးသွားပြီးနောက် Kim Ji Eun သည် စားသောက်ပွဲတစ်ပွဲသို့ တက်ရောက်ရင်း ကိုဗစ်အတည်ပြုလူနာတစ်ဦးနှင့် ထိတွေ့ခဲ့မိသည်။
ထို့နောက် ဗိုင်းရပ်စ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ သြဂုတ် ၁၇ ရက်တွင် အဖြေ Negative သာပြခဲ့သည်။ သို့သော် ကပ်ရောဂါထိန်းချုပ်ရေးစည်းမျဉ်းများနှင့်အညီ သူမက Self-quarantine ဝင်လိုက်သည်။
သို့သော် ရောဂါလက္ခဏာများ ခံစားလာရသည့်အတွက် ထပ်မံစစ်ဆေးလိုက်ရာ အဖြေ Positive ဖြစ်ခဲ့သည်။ Kim Ji Eun သည် မင်းသား Namgoong Min နှင့်တွဲဖက်ကာ MBC ဒရာမာအက်ရှင်ဇာတ်လမ်းတွဲ The Veil တွင် ပါဝင်သရုပ်ဆောင်ထားကာ ထိုဇာတ်လမ်းတွဲကို စက်တင်ဘာတွင် စတင်ပြသမည်ဖြစ်သည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား