အင်္ဂလန်တွင် ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုများ ရုပ်သိမ်းပေးလိုက်ပြီးနောက် ရုပ်ရှင်ရုံ လူဝင်ရောက်မှုကို တွက်ချက်ပါက ကပ်ရောဂါမတိုင်မီကာလ၏ ထက်ဝက်သာဖြစ်နေသည်ကို တွေ့ရသည်။
ရုံတင်လက်မှတ်ရောင်းရမှု အချက်အလက်ကောက်ယူရေး Comscore ဖော်ပြချက်အရ ဇူလိုင် ၁၉ ရက် “Freedom Day” ပြီးနောက် သီတင်းပတ်လေးပတ်အတွင်း Black Widow နှင့် Fast & Furious 9 ဇာတ်ကားတို့မှ လက်မှတ်ရောင်းရငွေ စတာလင်ပေါင် ၆၅.၇ သန်းရှိခဲ့ပြီး ကပ်ရောဂါများမဖြစ်မီ ၂၀၁၉ ခုနှစ်က အလားတူသီတင်းပတ် လေးပတ်အတွင်း စတာလင်ပေါင် ၁၂၉ သန်း ရခဲ့သည်။
ရုပ်ရှင်ရုံများဘက်ကမူ လက်ရှိအနေအထားကို သူတို့ကျေနပ်ကြောင်းနှင့် ယခင်အခြေအနေသို့ ပြန်ရောက်မည်ဟုလည်း အလွန်ယုံကြည်သည်ဟု ဆိုသည်။
အလားတူ အမေရိကန်ပြည်ထောင်စုတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်လေးပတ်အတွင်း ရုံတင်လက်မှတ်ရောင်းရမှုသည် ၂၀၁၉ ကာလတူနှင့်ယှဉ်ပါက ၅၁ ရာခိုင်နှုန်းသာရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ရုံတင်ရန်ကြန့်ကြာခဲ့ရသည့် ရုပ်ရှင်ကားကြီးအများစုသည် ယခုနွေရာသီတွင် ပိတ်ကားထက်ပေါ်ရောက်ရှိလာသော်လည်း ယခင်မျှော်မှန်းထားသလောက် ကြည့်ရှုသူဦးရေ မရခဲ့ပေ။
အမေရိကန်တွင် ဒယ်လ်တာမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သူမြင့်တက်လာသည့်အတွက်လည်း ရုံတင်သတ်မှတ်ရက်များ ကမောက်ကမဖြစ်ရပြန်သည်။
Clifford the Big Red Dog ၊ Venom: Let There Be Carnage နှင့် Hotel Transylvania 4 ဇာတ်ကားများလည်း ရုံတင်ရက်နောက်ဆုတ်ခြင်း၊ အခပေးကြည့်ရသည့် Streaming လိုင်းများမှသာ ပြသခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်တွင် စက်တင်ဘာနှောင်းပိုင်းရုံတင်မည့် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် No Time To Die ကိုလည်း ရုံတင်ရက် ထပ်ရွှေ့နိုင်သည်ဆိုသည့် ခန့်မှန်းမှုများ ရှိနေသည်။ ထိုဇာတ်ကားသည် ရှေ့တွင်ရုံတင်ရက် သုံးကြိမ်နောက်ဆုတ်ထားရသည်။
ဒစ္စနေကုမ္ပဏီက Black Widow နှင့် Cruella ဇာတ်ကားတို့ကို ရုံတင်ချိန်နှင့်တစ်ပြိုင်တည်း ၎င်း၏ Streaming ပလက်ဖောင်းဖြစ်သည့် Disney+ မှပြသခဲ့သည်။ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးကလည်း ၎င်းတို့၏ ၂၀၂၁ ရုံတင်ဇာတ်ကားအားလုံးကို အမေရိကန်တွင် HBO Max လိုင်းမှတစ်ဆင့် ပြသနေပြီး ၂၀၂၂ ခုနှစ်တွင်မူ ၄၅ ရက်ရုံတင်ပြီးမှ Streaming ပြပါမည်ဟု ကတိပေးထားသည်။
ဗြိတိန်တွင်မူ ကပ်ရောဂါမဖြစ်မီက ပုံမှန်အားဖြင့် ရုပ်ရှင်ကားကြီးများကို နေအိမ်တွင်ကြည့်ရှုနိုင်ရန် လေးလနီးပါး စောင့်ရလေ့ရှိသည်။
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး
-
မိမိတို့နိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်ပေးသော တာဝေးပစ်ဒုံးကျည်များကိုယူကရိန်း အသုံးပြုမည်ဆိုပါက ထင်သာမြင်သာတုံ့ပြန်မည်ဟု ရုရှား ပြောကြား
-
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီတွင် ယနေ့အစည်းအဝေးပြုလုပ်မည်
-
ဘရိုက်တန်-အဲဗာတန်တွင် ဘရိုက်တန်အသင်းအား ပယ်နယ်တီကန်ခွင့်ပြုခဲ့သည့် VAR ၏ ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ ထုတ်ပြန်
-
အသင်းခေါင်းဆောင်ရာထူး ရုပ်သိမ်းခံထားရသည့် ချာကာနှင့် နိုင်ငံတကာပွဲစဉ်အပြီးတွင်ထပ်မံဆွေးနွေးမည်ဖြစ်ပြီး ပြန်ကစားမည့်အချိန်ကို မသိရသေးဟု အူနိုင်းအမ်မရီပြောကြား