ကလော့ပ်က "လူတွေက လီဗာပူးလ်နဲ့စာချုပ်သက်တမ်းကုန်ရင် ဘာလုပ်မလဲကို ကျွန်တော့်ကို မေးလေ့ရှိတယ်။ လီဗာပူးလ်က ထွက်ဖြစ်ရင် ချက်ချင်း တခြားအလုပ်ကို လက်ခံမှာမဟုတ်ပါဘူး။ ဒါက သေချာပါတယ်။ လီဗာပူးလ်နဲ့လမ်းခွဲပြီး တစ်နှစ်လောက် ကျွန်တော် အနားယူမှာပါ"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းနှင့်လမ်းခွဲပြီးပါက မိမိအနေဖြင့် အခြားအသင်းတစ်သင်းသင်းကို ချက်ချင်း ကိုင်တွယ်မည်မဟုတ်ဘဲ တစ်နှစ်ခန့်အနားယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၅၃)နှစ်အရွယ်ရှိ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်သည် ၂၀၁၅ ခုနှစ်တွင် လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
လီရွိုင်းမာတာတာနှင့် ပြုလုပ်ခဲ့သည့် YouTube အင်တာဗျူးတွင် ကလော့ပ်က "လူတွေက လီဗာပူးလ်နဲ့စာချုပ်သက်တမ်းကုန်ရင် ဘာလုပ်မလဲကို ကျွန်တော့်ကို မေးလေ့ရှိတယ်။ နောက်နှစ်မှာ စာချုပ်သက်တမ်းကုန်မယ့် ဂွါဒီယိုလာကိုတော့ ဒီလိုမေးတယ်မကြားပါဘူး။ ကျွန်တော့်ရဲ့စာချုပ်က (၄) နှစ်ကျန်ပါသေးတယ်။ အဲဒီကာလအတွင်း အများကြီးဖြစ်ပျက်နိုင်ပါတယ်။ အဲဒီကာလအတွင်းမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုး၊ မတိုး ကျွန်တော် စဉ်းစားမယ်။ မတိုးဖြစ်ဘူးဆိုရင် ကျွန်တော် အပန်းဖြေခရီးထွက်မယ်။ လီဗာပူးလ်က ထွက်ဖြစ်ရင် ချက်ချင်း တခြားအလုပ်ကို လက်ခံမှာမဟုတ်ပါဘူး။ ဒါက သေချာပါတယ်။ လီဗာပူးလ်နဲ့လမ်းခွဲပြီး တစ်နှစ်လောက် ကျွန်တော် အနားယူမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်