
ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သည်။ ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာထိခိုက်စေသည်။၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ခြင်းကို ၂၀၂၄ ခုနှစ် စီးပွားရေးကဏ္ဍအတွက် ထင်ရှားသောဖြစ်ရပ်အဖြစ် ဖော်ပြအပ်ပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ခန့်မှန်းထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၃ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ကြောင်း ၂၀၂၄-၂၀၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
ဗဟိုစာရင်းအင်းအဖွဲ့က ၂၀၁၇ ခုနှစ်အား အခြေခံနှစ်အဖြစ် တွက်ချက်ထားသည့် စားသုံးသူစျေးဆနှုန်းကိန်းအရ ၂၀၂၄ ခုနှစ် မတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၇ ဒသမ ၅၃ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်သည်။
အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော Core CPI အရ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၁ ဒသမ ၆၁ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၈ ဒသမ ၉၆ ရာခိုင်နှုန်းရှိခဲ့သည်။
တစ်နိုင်ငံလုံး၏ အုပ်စုအလိုက် စားသုံးသူစျေးဆနှုန်းကိန်းအရ အစားအစာအုပ်စုအတွက် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ် မတ်လတွင် ၃၂ ဒသမ ၁၁ ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ၃၄ ဒသမ ၁၇ ရာခိုင်နှုန်းရှိခဲ့သဖြင့် အစားအစာအုပ်စု၏ စျေးနှုန်းများမှာ အနည်းငယ်ကျ ဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစားအစာမဟုတ်သောအုပ်စု၏ စားသုံးသူစျေးဆနှုန်းကိန်းအရ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ် မတ်လတွင် ၂၀ ဒသမ ၂၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ၂၁ ဒသမ ၅၆ ရာခိုင်နှုန်းရှိခဲ့သဖြင့် အစားအစာမဟုတ်သောအုပ်စု၏ စျေးနှုန်းပြောင်းလဲမှုမှာ အနည်းငယ်ကျဆင်းခဲ့သည်။
၂၀၂၄ ခုနှစ် မတ်လတွင် အဓိကအုပ်စုများ၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းများမှာ အထွေထွေကုန်ပစ္စည်း ၃၀ ဒသမ ၁၆ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး၂၄ ဒသမ ၉၉ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်နှင့် နေထိုင်စရိတ် ၂၃ ဒသမ ၂၉ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခ ၁၉ ဒသမ ၉၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းစရိတ် ၁၉ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့်အဖျော်ယမကာ ၁၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ အဝတ်အထည် ၁၆ ဒသမ ၈၅ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှု ၁၄ ဒသမ ၀၂ ရာခိုင်နှုန်း၊ ပညာရေး ၁၁ ဒသမ ၁၁ ရာခိုင်နှုန်း၊ ကျန်းမာရေး ၁၀ ဒသမ ၆၄ ရာခိုင်နှုန်းနှင့် ဆက်သွယ်ရေး (-) ၁ ဒသမ ၀၅ ရာခိုင်နှုန်းရှိသဖြင့် ၂၀၂၃ ခုနှစ် မတ်လနှင့်နှိုင်းယှဉ်လျှင် အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခနှင့် သယ်ယူပို့ဆောင်ရေးတို့၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်ခဲ့ပြီး ကျန်ကုန်စည်အုပ်စုများ၏ ငွေကြေးဖောင်းပွမှုနှုန်းများမှာ ကျဆင်းခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့ ကြီးသုံးမြို့၏ ၂၀၂၄ ခုနှစ် မတ်လကုန်ရှိ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ချင်းပြည်နယ်တွင် ၃၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး၊ မန္တလေးမြို့တွင် ၃၂ ဒသမ၄၉ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးနှင့် ကချင်ပြည်နယ်တွင် ၃၁ ဒသမ ၇၁ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးအသီးသီးရှိခဲ့သည်။
မြန်မာနိုင်ငံ၏ နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၂၄ ခုနှစ် မတ်လတွင် ၂၅ ဒသမ ၃၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အိမ်နီးချင်း နိုင်ငံများဖြစ်သော လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ မလေးရှားနှင့် တရုတ်တို့ထက် မြင့်မားခဲ့ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း သဘာဝဘေးနှင့် ပြည်တွင်း ပဋိပက္ခများဖြစ်ပွားမှုတို့၏ ဂယက်ရိုက်ခတ်မှုကြောင့် ငွေကြေးဖောင်းပွမှုမှာ မြင့်တက်နေဆဲပင်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။
အမေရိကန်နိုင်ငံမှ အတိုးနှုန်းမြင့်တင်ခြင်းကြောင့် ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးများ ကျဆင်းလာသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခဲ့သည်။
ထို့ပြင် နိုင်ငံတွင်း ကုန်သွယ်မှုလိုငွေ အတန်အသင့်မြင့်မားလျက်ရှိပြီး နိုင်ငံခြားငွေ အသားတင်စီးထွက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်မားခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်စည်စျေးနှုန်းများ မြင့်တက်လာပြီး သွင်းကုန်စျေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်လာခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လကုန်ရှိ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့သော်လည်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့သည်။
ဖွံ့ဖြိုးပြီးနှင့် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးများ ကျဆင်းလာသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားငွေလဲလှယ် နှုန်းမြင့်တက်လာခြင်း၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်စည်စျေးနှုန်းများ မြင့်မားခြင်းတို့ ကြောင့် သွင်းကုန်စျေးနှုန်းများမြင့်မားလာပြီး ငွေကြေးဖောင်းပွမှုနှုန်းများ သိသာစွာမြင့် တက်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၂၅ ဒသမ ၆၄ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၆၄ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၂၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ မတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၃ ရာခိုင်နှုန်းနှင့်နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၂၅ ဒသမ ၃၃ ရာခိုင်နှုန်းရှိကြောင်း ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ငွေကြေးဖောင်းပွမှုနှုန်းအား သင့်တင့်မျှတသည့်အနေအထားတွင်ရှိစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ ငွေကြေးမူဝါဒနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးမူဝါဒတို့ဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်