
နိုဝင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၈၀၂ ဝန်းကျင်ရှိနေသော်လည်း ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၀၀ ကျော်ဝန်းကျင်သို့ ရောက်ရှိနေသော်လည်း ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချရာတွင် တစ်ဒေါ်လာ ၁၉၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချနေခြင်း ဖြစ်သည်။
နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၀၃၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၁၅ ကျပ်၊ မလေးရှားရင်းဂစ် ၄၂၀ ကျပ်၊ ထိုင်းဘတ် ၅၅.၅ ကျပ်၊ တရုတ်ယွမ် ၂၉၅ ကျပ်၊ ဂျပန်ယန်း ၁၆.၂ ကျပ်တို့ဖြစ်သည်။
နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၁၉၀၀ ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က) အရ အပ်နှင်းအထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ အား ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၉၄ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ တစ်ကျပ်သား ကျပ် ၁၇၇၉၀၀၀ ဝန်းကျင်နှင့် ၁၅ ပဲရည်ပြည့်စပ် ရွှေစျေးနှုန်းမှာ ၁၆၇၄၅၀၀ ဝန်းကျင်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်