
မန်ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ရူဘင်အာမိုရင်မ်က လက်ရှိ မန်ယူနိုက်တက်အသင်းသည် ကလပ်အသင်းသမိုင်းတစ်လျှောက် အညံ့ဆုံးအသင်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရိုက်တန်အသင်းကို အိမ်ကွင်းတွင် (၁-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် အာမိုရင်မ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်သည် ယခုပွဲစဉ်မတိုင်မီ ဆောက်သမ်တန်အသင်းကို (၃-၁) ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင်လည်း မိမိတို့အသင်းသည် ယခုပွဲစဉ်တွင် နိုင်ပွဲရရှိခဲ့သော်လည်း နိမ့်မြင့်တက်ကျများသည့် ရာသီတစ်ခုက အသင့်စောင့်ကြိုလျက်ရှိသည်ဟု ပြောကြားခဲ့သေးသည်။
ဘရိုက်တန်အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင်လည်း အာမိုရင်မ်က ''ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲ ကစားခဲ့ချိန်မှာ ကျွန်တော့်အသင်းဟာ နိုင်ပွဲ (၂ )ပွဲသာ ရရှိခဲ့တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော် စိတ်ကူးကြည့်နေတဲ့အရာကို မန်ယူနိုက်တက်အသင်း ပရိသတ်တစ်ဦးလည်း စိတ်ကူးကြည့်နေမှာပါ။ ပရိသတ်တစ်ဦးအနေနဲ့ဆိုရင် သူ့အသင်းဟာ နည်းပြသစ်တစ်ဦးခန့်လိုက်တယ်။ ဒီနည်းပြဟာ ရှေ့မှာ ရာထူးက အထုတ်ခံလိုက်ရတဲ့ နည်းပြထက် ရှုံးပွဲပိုများနေတယ်။ ဒါဆိုရင် တစ်ခုခုမှားနေပြီလို့ ခံစားရမှာဖြစ်ပါတယ်။ ဒီအသင်းမှာ ရှိနေတဲ့သူအားလုံးဟာ ပုံမှန်ရဲ့အောက်ကို ရောက်နေပါတယ်။ အသင်းမှာ ဘာတွေပဲ ဖြစ်နေနေ ပရီးမီးယားလိဂ်ရဲ့ ဘယ်အသင်းမဆို ပွဲတွေအများကြီး ရှုံးနေလို့ မရပါဘူး။ မန်ယူနိုက်တက် ဆိုတာကို ထားလိုက်ပါ။ ဘယ်အသင်းမဆိုပါပဲ။ ကျွန်တော်တို့ တကယ်ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လုပ်ရမှာပဲ။ ပြိုင်ဘက်အသင်းတွေဟာ ကျွန်တော်တို့အသင်းထက် ပိုကောင်းနေပါတယ်။ ကျွန်တော်တို့ဟာ ခြေစွမ်းမတည်ငြိမ်တဲ့အသင်းဖြစ်ပြီး ကျွန်တော်လည်း အသင်းကို အကူအညီမပေးနိုင်ဘူးဖြစ်နေပါတယ်။ ခင်ဗျားတို့အနေနဲ့ (ဂျာနယ်လစ်များကို ဆိုလို) သတင်းခေါင်းစဉ်တစ်ခု လိုချင်လိမ့် မယ် ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ခေါင်းစဉ်တပ်လို့ကောင်းမယ့် အကြောင်းအရာကို ကျွန်တော် ပြောပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အခြေအနေမှန်ကို သိမှသာ ဒါကို ပြန်ပြောင်းလဲနိုင်မှာဖြစ်လို့ပါ။ ဒါကြောင့် ခင်ဗျားတို့ ခေါင်းစဉ်တပ်လိုက်ပါ။ ကျွန်တော် ပြောပါမယ်။ ကျွန်တော်တို့ဟာ မန်ယူနိုက်တက်အသင်းရဲ့ သမိုင်းတစ်လျှောက် အညံ့ဆုံးအသင်းတောင် ဖြစ်နိုင်ပါတယ်။ ဒီအသင်းကို အိုင်ဒီယာအသစ်တစ်ခု ထည့်သွင်းလိုက်ဖို့အတွက် ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါကို မလုပ်လို့မရပါဘူး'' ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်