
■ လျှပ်စစ်မီးရရှိရေး ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းသည် ကုန်ကျစရိတ် များပြားသည့်အတွက် နည်းလမ်းရှာဖွေရန် လုပ်ငန်းရှင်များ တင်ပြ
စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်ထုတ်လုပ်မှုတိုးတက်ရန် ကုန်ကြမ်းရရှိရေး သည် အရေးပါပြီး ယင်းစက်မှုကဏ္ဍအတွက် မဖြစ်မနေလိုအပ်သည့် လျှပ်စစ်စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်းက ကုန်ကျစရိတ် များပြားလွန်းသည့်အတွက် နည်းလမ်း ရှာဖွေရန် လုပ်ငန်းရှင်များက တင်ပြခဲ့ကြ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရ သည်။
ဖေဖော်ဝါရီ ၂၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်း ချုပ် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များ တွေ့ဆုံစဉ် တင်ပြခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် စားသောက်ကုန် ထုတ်လုပ်မှုပိုလျှံသည့်နိုင်ငံဖြစ်သည့်အတွက် ပြည်ပမှ စားသောက်ကုန် သွင်းကုန်လျှော့ချ ၍ ပြည်တွင်းစားသောက်ကုန်များကို စျေး ကွက်များတွင် ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးကို အားပေးကူညီခြင်းဖြင့် MSME ကဏ္ဍဖွံ့ ဖြိုး တိုးတက်ရေးကိုပါ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် တိရစ္ဆာန်အစားအစာဟာ အ ခက်အခဲရှိကြောင်း၊ မွေးမြူရေးအစာဖြစ် သည့် ဆန်ကွဲ၊ ပြောင်း စသည့် ကုန်ကြမ်းများ အတွက် စျေးနှုန်းတည်ငြိမ်အောင် ဆောင် ရွက်ပေးရန် လုပ်ငန်းရှင်များက တင်ပြခဲ့ကြ သည်။
ထို့ပြင် လယ်ယာကဏ္ဍတွင်လည်း စိတ် ဝင်စားသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများရှိ ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် Insurance Sector မှာ စျေးနှုန်းကြီးမြင့်နေ သည့်အတွက် နိုင်ငံတော်က ခိုင်ခိုင်မာမာ သတ်မှတ်ပေးစေလိုကြောင်း၊ Export Promotion လုပ်သည့်အခါ အလားအလာရှိ သည့်မွေးမြူရေးကဏ္ဍရှိကြောင်း၊ နိုင်ငံ၏ ဝင်ငွေရရှိစေရေးအတွက် မွေးမြူရေးကဏ္ဍကို ပို့ ကုန် ပိုမိုတင်ပို့နိုင်ရေးအတွက် အားစိုက် ဆောင်ရွက်ပေးစေလိုကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်ထုတ်လုပ်မှု တိုး တက်ရန် ကုန်ကြမ်းရရှိရေးအတွက် အရေး ကြီးကြောင်း၊ စက်မှုကဏ္ဍအတွက် လျှပ်စစ် စွမ်းအားကို ဒီဇယ်ဖြင့် မောင်းနှင်နေရခြင်း သည် ကုန်ကျစရိတ် များပြားသည့်အတွက် နည်းလမ်း ရှာဖွေရန်၊ Made in Myanmar Product များကို တင်ပို့မှု ဦးစားပေးစေလို ကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။
“အရင်က ဆေးဝါးနှင့်ဆေးပစ္စည်း ကဏ္ဍအတွက် သွင်းကုန်လိုင်စင်ရဖို့ ရက် အတိအကျ ခန့်မှန်းလို့မရခဲ့တဲ့အတွက် ခက်ခဲ ခဲ့ပါတယ်။ အခုအခါမှာဆိုရင် လိုင်စင်ရဖို့ အ အနီးစပ်ဆုံး ခန့်မှန်းရတဲ့အတွက် ဆေးဝါး ပြတ်လပ်မှု မရှိတော့ဘူး။ Exchange Rate ကြောင့်သာ စျေးနှုန်း အပြောင်းအလဲရှိ နေတာ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။
လက်ရှိကာလတွင် စိုက်ပျိုးမွေးမြူရေး ကို အခြေခံသည့် ပြည်တွင်းစီးပွားရေးလုပ် ငန်းများအပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများတွင် အ ဆင်ပြေချောမွေ့စေရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း၊ ပို့ကုန်သွင်းကုန်လိုင် စင်များ လျှောက်ထားရာတွင် အွန်လိုင်း စနစ်ဖြင့် လွယ်ကူစွာ လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ကုန် သွယ်ရေးတွင် တရားမဝင် ကုန်သွယ်မှုများ ပပျောက်စေရေးအတွက်လည်း ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုလက် ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းများသည် အခက်အခဲ အကျပ်အတည်းများကြားမှ ကျော်လွှားလာနိုင်ခဲ့ပြီး ဖွံ့ဖြိုးရေးကိုဆောင် ရွက်ရတော့မည့် အခြေအနေဟု ထင်မြင်မိ ပါကြောင်း စသည်ဖြင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦး အောင်နိုင်ဦးက ပြောကြားသည်။
■ စက်မှုဇုန်များအတွက် လျှပ်စစ်မီးရရှိမှုနှင့် စက်သုံးဆီဝယ်ယူရရှိမှု မရှိသဖြင့် နွေရာသီ၌ စက်သုံးဆီ လုံလောက်စွာဝယ်ယူရရှိနိုင်ရေး တင်ပြ
စက်မှုဇုန်များအတွက် လျှပ်စစ်မီးရရှိမှု နှင့် စက်သုံးဆီ ဝယ်ယူရရှိမှုမရှိခြင်း၊ နွေရာ သီတွင် စက်သုံးဆီများ လုံလောက်စွာရရှိရေး အတွက် စက်သုံးဆီ ဝယ်ယူနိုင်ရေး စက်မှုဇုန် လုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြောင်း ကုန် သည် စက်မှုအသင်းချုပ်မှ သိရသည်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီ၊ ကုန်သည် စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် များ ပူးပေါင်းကျင်းပသည့် ညှိနှိုင်းအစည်း အဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“နွေရာသီမှာ စက်သုံးဆီများ လုံလောက် စွာရရှိရေးနဲ့ လွယ်ကူချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေး ဆွေးနွေးခဲ့တာပါ။နောက်ပြီး စက်မှု ဇုန်တွေအတွက် လျှပ်စစ်မီးရရှိမှုနဲ့ စက်သုံး ဆီတွေ အလွယ်တကူ ဝယ်ယူရရှိမှုမရှိတာတွေ၊ စျေးကွက်အတွင်း မလိုလားအပ်ဘဲ စက်သုံး ဆီ ဝယ်ယူစုဆောင်းမှု မဖြစ်ပေါ်စေရေးနဲ့ ပုဂ္ဂ လိကလုပ်ငန်းတွေအထူးသဖြင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းတွေ ထိခိုက်မှုမရှိစေရေးတို့ကိုဆွေး နွေးခဲ့ကြတာပါ”ဟု အဆိုပါအစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ထို့ပြင် စက်မှုဇုန်များတွင် စက်သုံးဆီများ လုံလောက်စွာရရှိရေး ၊ စက်သုံးဆီ ရောင်းချ ရေးလုပ်ငန်းများမှ လိုအပ်ချက်အရ ရောင်းချ ပေးနိုင်ရေး၊ စက်မှုဇုန်များအပြင် စက်မှုဇုန်ပြင် ပ SME လုပ်ငန်းများမှလည်း စက်သုံးဆီရ ရှိရေး၊ စက်သုံးဆီ သိုလှောင်မှုလိုအပ်ချက်များ၊ စက်သုံးဆီရရှိသည့် လုပ်ငန်းများမှလည်း အ မှန်တကယ်ရရှိစေရေး၊ ရောင်းချမည့်သူများက လည်း အမှန်တကယ်ရောင်းချပေးနိုင်ရေး၊ စက်မှုဇုန်များမှ စက်မှုဇုန်လိုအပ်ချက်အရ သတ်မှတ်သည့်ပမာဏ၊ လိုအပ်ချက်ပြည့်ပြည့် ၀၀ ရရှိရေးတို့ကို တင်ပြခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည့် ဥရောပကုမ္ပဏီ ၁၂၀ ကျော်ရှိပြီး ဘဏ်ကိစ္စများ၊ မူဝါဒပြောင်းလဲမှုနှင့် လျှပ်စစ်မတည်ငြိမ်မှုများကြောင့် အခက်အခဲကြုံတွေ့လျက်ရှိကြောင်း တင်ပြ
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင် လျက်ရှိသည့် ဥရောပကုန်သည်ကြီးများ အ သင်းဝင်ကုမ္ပဏီ ၁၂၀ ကျော်ရှိပြီး ဘဏ်ကိစ္စ များ၊ မူဝါဒပြောင်းလဲမှုနှင့် လျှပ်စစ်မတည် ငြိမ်မှုများကြောင့် အခက်အခဲကြုံတွေ့လျက် ရှိကြောင်း Euro Cham Myanmar က တင်ပြ ခဲ့ကြသည်။
မြန်မာနိုင်ငံအခြေစိုက် Euro Chamber of commerence in Myanmar မှ CEO ဖြစ်သူ Ms. Karina ufert နှင့်အဖွဲ့ဝင်များ သည် စီးပွားရေးဆိုင်ရာ အခြေအနေများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေး ဝင်းနှင့် တာဝန်ရှိသူများအား ဇန်နဝါရီ ၈ ရက်က လာရောက်တွေ့ဆုံဆွေးနွေးစဉ် တင် ပြခဲ့ခြင်းဖြစ်သည်။
Euro Cham Myanmar ၌ အသင်း ဝင် ကုမ္ပဏီပေါင်း ၁၂၀ ကျော်ရှိပြီး မြန်မာနိုင်ငံ တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင် ရွက်လျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအပေါ် Euro Cham Myanmar က သုတေသနစာတမ်း ပြုလုပ်ထားခြင်းကို တင်ပြလာခဲ့ပြီး အဓိက အခက်အခဲများအနေဖြင့် ဘဏ်ကိစ္စရပ်များ၊ မူဝါဒရေးရာ ပြောင်းလဲမှု၊ လျှပ်စစ်မီးမတည် ငြိမ်မှုများကြောင့် အများဆုံးခက်ခဲကြုံတွေ့ လျက်ရှိကြောင်း တင်ပြခဲ့သည်။
ထို့ပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဝင် ရောက်မှုများ တိုးမြင့်လာစေရေးအတွက် သွင်း ကုန်လိုင်စင်ဖြေလျှော့ပေးစေရေး၊ ဗီဇာသက် တမ်းတိုးမြင့်ရေး၊ တရားမဝင်ကုန်သွယ်မှု များ ထိရောက်စွာ ကာကွယ်ပေးစေရေး၊ မှန် ကန်တိကျသည့် သတင်းထုတ်ပြန်ချက်များ ရရှိရေး ၊ သွင်းကုန်လိုင်စင်များရရှိမှု နည်း ခြင်းတို့ကို Euro Cham Myanmar က တင်ပြဆွေးနွေးခဲ့သည်။
ဆွေးနွေးချက်များကို ကုန်သည်စက် မှုအသင်းချုပ် တာဝန်ရှိသူများက မြန်မာနိုင် ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေ ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန် တီးပေးနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအ သီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲ များအား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လုပ် ငန်းကော်မတီများအား တင်ပြပေးသွားမည် ဖြစ်ကြောင်း၊ မှန်ကန်သည့်သတင်းအချက် အလက်များ ရရှိရေးအတွက်လည်း အသင်း ချုပ်က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
အလားတူ မြန်မာနိုင်ငံတွင် တိုင်ပေမှ စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀ ကျော် ရင်းနှီး မြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံ သူများ ထပ်မံလာရောက်မည်ဖြစ်ကြောင်း စသည်ဖြင့် စီးပွားရေးလုပ်ကိုင်ရလွယ်ကူစေ ရေး လာရောက်ဆွေးနွေးခဲ့ကြသည်။
လျှပ်စစ်မီး၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း၊ စျေးကွက်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိခြင်းကြောင့် ကူညီဖြေရှင်းပေးရန် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို
လျှပ်စစ်မီး၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း၊ စျေးကွက်အခက်အခဲများနှင့် ရင်ဆိုင်ကြုံ တွေ့လျက်ရှိခြင်းကြောင့် ကူညီဖြေရှင်းပေး ရန် ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များက ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအခြေစိုက် Korea Cham-ber of Commerce in Myanmar ဥက္ကဋ္ဌ Mr. Park Jeong -Hwanနှင့် အဖွဲ့ဝင်များသည် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေး ဝင်းနှင့် တာဝန်ရှိသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် အသင်းချုပ်ရုံးသို့ လာ ရောက်တွေ့ဆုံခဲ့ကြသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကို ရီးယားကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမှုရှိကြ ကြောင်း၊ ကုမ္ပဏီ ၁၀၀ ခန့်သည် အထည်ချုပ် လုပ်ငန်းကုမ္ပဏီများဖြစ်ကြပြီး အခြားသော လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန် အစရှိသည့် ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံထားသည့် ကိုရီးယားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် အဆင်ပြေချော မွေ့စွာ လုပ်ငန်းလုပ်ဆောင်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆက်လက် ဖန်တီးပေးနိုင်ရေးတို့အတွက် အသင်းချုပ်မှ ပံ့ပိုးမှု၊ လမ်းညွှန်မှု၊ အကြံပြုမှုတို့ကို လိုအပ်ပါ ကြောင်း၊ ကိုရီးယားလုပ်ငန်းရှင်များအတွက် ဗီဇာရရှိရေး၊ သွင်းကုန်၊ ပို့ကုန်လိုင်စင်ကန့် သတ်မှုများ ဖြေလျှော့စေရေး၊ လျှပ်စစ်မီး၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း၊ စျေးကွက်အခက် အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိခြင်း ကြောင့် ကိုးရီးယားစီးပွားရေးအဖွဲ့ကို အကြံပြု ကူညီပေးစေလိုသည်ဟု တင်ပြခဲ့ကြသည်။
ကုန်သည်စက်မှု အသင်းချုပ်ဘက်က ကိုရီးယားလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ အတွက် Partner ကောင်းများဖြစ်ပါကြောင်း နှင့် လက်ရှိ အခက်အခဲများကို အသင်းချုပ် တွင် ဖွဲ့စည်းထားသည့် ကော်မတီများမှတစ် ဆင့် သက်ဆိုင်ရာ မူဝါဒချမှတ်သူများ၊ ဝန် ကြီးဌာနများသို့ တင်ပြပေးမည်ဖြစ်ကြောင်း၊
ကြုံတွေ့နေရသည့် အခက်အခဲများကို သေ ချာစွာ ရေးသားတင်ပြပေးရန်နှင့် နှစ်ဦးနှစ် ဖက်စလုံး အကျိုးရှိစေမည့် နည်းလမ်းများကို လည်း အကြံပြုထည့်သွင်း စေလိုကြောင်း၊ ကို ရီးယားလုပ်ငန်းရှင်များနှင့် ပြည်တွင်းအလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုအားကောင်း လာစေရေးတို့အတွက် အကောင်းဆုံးနည်း လမ်းကို ရှာဖွေစဉ်းစား၍ တင်ပြသွားမည်ဖြစ် ကြောင်း ဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း ကုန်ထုတ်လုပ်မှုလုပ် ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေ ရေး အာမခံကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော် ၀ါရီ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊အ ငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင် ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားထားသည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ပေးကြောင်း နစကဥက္ကဋ္ဌပြောကြား
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ထုတ်လုပ်မှုများကို အားပေး ဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန် ကြမ်းပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှိမှသာ ရောင်းဝယ်မှု ဖြစ်မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှ ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။
နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံ လောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်ဒီမိုကရေ စီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံ ကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံရမှုများရှိကြောင်း၊ ယခုအခါ မိမိ တို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ် အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများ ကိုဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုး ရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံ လောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ် စစ်ဓာတ်အား အသုံးပြုသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင် မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များ စွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအ ချိန်တွင်လည်း ကုန်ပစ္စည်းများကိုသယ်ယူပို့ ဆောင်ရာတွင် စျေးနှုန်းသက်သာသည့် မီးရ ထားဖြင့် သယ်ယူပို့ဆောင်စေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများ ကို လျှော့ပေါ့ပေးထားကြောင်း နစကဥက္ကဋ္ဌ က ဆိုသည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အား ပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက် ဆုံးရှုံးမှုမရှိစေရေး နှင့် စီးပွားရေးဆိုင်ရာ အာ မခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေး ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော် ၀ါရီ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင် ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်