Top News

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၄၆၀၀ ကျော်ရှိလာ
24htopnews | January 21, 2025 2:12 AM CST

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၄၆၀၀ ကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

မေ ၁၃ ရက်အထိ ရရှိထားသော စာရင်းများအရ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၇၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၂၃၀၀၀ ကျော်၊ ကာတာနိုင်ငံတွင် ၂၅၀၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ၁၅၀၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၄၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံတွင် ၁၀၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၆၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၆၇၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၃၀၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံတွင် ၈၆၉ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ၂၈၈ ဦး၊ မြန်မာနိုင်ငံတွင် ၁၈၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၂၂ ဦး၊ နီပေါနိုင်ငံတွင် ၁၉၁ ဦး၊ လာအိုနိုင်ငံတွင် ၁၉ ဦးနှင့် ဘူတန်နိုင်ငံတွင် ၁၁ ဦးရှိကြောင်း သိရသည်။

သေဆုံးသူဦးရေ စာရင်းအရ အိန္ဒိယနိုင်ငံတွင် ၂၂၉၃ ဦး၊ စင်ကာပူနိုင်ငံတွင် ၂၁ ဦး၊ ကာတာနိုင်ငံတွင် ၁၄ ဦး၊ ဂျပန်နိုင်ငံတွင် ၆၄၃ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၀၀၇ ဦး၊ ကိုရီးယားနိုင်ငံတွင် ၂၅၈ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၅၀ ဦး၊ မလေးရှားနိုင်ငံတွင် ၁၀၉ ဦး၊ ထိုင်းနိုင်ငံတွင် ၅၆ ဦး၊ သီရိလင်္ကာနိုင်ငံတွင် ကိုးဦး၊ မြန်မာနိုင်ငံတွင် ခြောက်ဦးနှင့် ကျန်နိုင်ငံများတွင် သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။

COVID-19 ရောဂါ ဖြစ်ပွားမှု အများဆုံး ကမ္ဘာ့နိုင်ငံ ၁၅ နိုင်ငံ၏ အခြေအနေမှာ အမေရိကန်နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၂ သိန်းကျော်၊ စပိန်နိုင်ငံတွင် နှစ်သိန်းကျော်၊ အီတလီနိုင်ငံတွင် နှစ်သိန်းကျော်၊ ယူကေနိုင်ငံတွင် ၁၈၀၀၀၀ ကျော်၊ ဂျာမနီနိုင်ငံတွင် ၁၇၀၀၀၀ ကျော်၊ ရုရှားနိုင်ငံတွင် ၂၃ ၀၀၀၀ ကျော်၊ ပြင်သစ်နိုင်ငံတွင် ၁၃၀၀၀၀ ကျော်၊ တူရကီနိုင်ငံတွင် ၁၃၀၀၀၀ ကျော်၊ အီရန်နိုင်ငံတွင် ၁၁၀၀၀၀ ကျော်၊ ဘရာဇီး နိုင် ငံတွင် ၁၆၀၀၀၀ ကျော်၊ တရုတ်နိုင်ငံတွင် ၈၄၀၀၀ ကျော်၊ ကနေဒါနိုင်ငံတွင် ၆၉၀၀၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံတွင် ၅၃၀၀၀ ကျော်၊ ပီရူးနိုင်ငံတွင် ၆၇၀၀၀ ကျော်၊ နယ် သာလန်နိုင်ငံတွင် ၄၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို စမ်းသပ်နေသော ထိပ်တန်းကုမ္ပဏီ အနည်းငယ်အနက် တစ်ခုဖြစ်သည့် တရုတ်ကုမ္ပဏီ CanSino Biologics သည် ကနေဒါအမျိုးသား သုတေသနကောင်စီ National Research Council နှင့်ပူးပေါင်းပြီး ကနေဒါတွင် အနာဂတ်စမ်းသပ်မှုများ ဆောင်ရွက်သွားရန်အတွက် ဆွေးနွေးနေကြောင်း သုတေသန ကောင်စီက မေ ၁၃ တွင် ပြောကြားခဲ့သည်။

မွန်ထရီရယ်ရှိ အစိုးရစက်ရုံ တစ်ခုတွင် CanSino ၏ စမ်းသပ်ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်နေကြောင်း၊ CanSino သည် စမ်းသပ်ဆေးကို နောက်ထပ်စမ်းသပ် အဆင့်များ ဆောင်ရွက်ရန်အတွက် ကနေဒါ၏ ဆေးဝါးထိန်းချုပ် ကွပ်ကဲရေးအဖွဲ့ Health Canada ထံတွင် လျှောက်ထားရန် ပြင်ဆင်နေကြောင်း NRC က ပြောကြားခဲ့သည်။

CanSino ၏စမ်းသပ်ကာကွယ်ဆေးသည် ကနဦးအဆင့် စမ်းသပ်မှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး အောင်မြင်မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်းစမ်းသပ် ကာကွယ်ဆေး အောင်မြင်ခဲ့ပါက တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကနေဒါတို့သည် ကာကွယ်ဆေးကို ရရှိရန် အထောက်အကူပြုမည် ဖြစ်သည်။

ကာကွယ်ဆေးသည် ဘေးကင်းမှုရှိကြောင်း ပြည်တွင်းစမ်းသပ်မှု အချက်အလက်များက Health Canada ကို အာမခံချက် ပေးနိုင်မည့်အပြင် ကနေဒါတွင် ထုတ်လုပ်မှုက ကာကွယ်ဆေး လက်ဝယ်ရရှိမှုကိုလည်း အာမခံချက် ပေးနိုင်မည်ဖြစ်သည်။

ဗိုင်းရပ်စ် ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို တဖြည်းဖြည်း အဆုံးသတ်စေနိုင်ပြီး ထိရောက်သော ကာကွယ်ဆေး ရရှိရန်နှင့် ယင်းကာကွယ်ဆေးကို အလုံအလောက် ထုတ်လုပ်နိုင်ရန်သည် ဧရာမ စိန်ခေါ်မှုဖြစ်သည်။ သာမန်အားဖြင့် ကာကွယ်ဆေး တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်ရန် ငါးနှစ်မှ ၁၅ နှစ်အထိ ကြာမြင့်တတ်သည်။ CanSino ၏စမ်းသပ်ကာကွယ်ဆေးသည် NRC တွင် ထုတ်လုပ်ထားသော ဆဲလ်လိုင်းကို အသုံးပြု၍ ဖန်တီးထားကြောင်း NRC က ပြောကြားခဲ့သည်။

NRC နှင့် CanSino သည် ၂၀၁၃ ခု နှစ်ကတည်းက ပူးပေါင်းလုပ်ဆောင်နေကြပြီး CanSino သည် အီဘိုလာ ကာကွယ်ဆေး ထုတ်လုပ်ရန် အတွက်လည်း အလားတူ ဆဲလ်လိုင်းကို အသုံးပြုခဲ့သည်။

ကနေဒါကလည်း ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုတွင် ထိပ်တန်းမှ ပါဝင်နေပြီး ကမ္ဘာတစ်ဝန်းမှ ကာကွယ်ဆေး ထုတ်လုပ်မှုများကို ထောက်ပ့ံရန် GAVI အား ဒေါ်လာ ၄၂၆ သန်းကျော် ထုတ်ပေးမည်ဟု ကနေဒါ အစိုးရက မေ ၁၂ တွင် ကတိပေးခဲ့သည်။


READ NEXT
Cancel OK