
■ မလေးရှားတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်
■ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်ရန် အာဆီယံက တိုက်တွန်း
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်က မလေးရှား နိုင်ငံ လန်ကာဝီ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်နှင့် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း အာဆီယံနိုင်ငံများက ဇန်နဝါရီ ၁၉ ရက်တွင် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့အားလုံးကို တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ခွင့်ပြုရေးရန် အာဆီယံနိုင်ငံများက အစည်းအဝေး တက်ရောက်လာသည့် မြန်မာကိုယ်စားလှယ်ကို တိုက်တွန်းခဲ့သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံရဲ့ အစီအစဉ်က ဘာလဲဆိုတာကို မလေးရှားနိုင်ငံက သိချင်နေပါတယ်" ဟု ဟက်ဆန်က လန်ကာဝီကျွန်းတွင်ပြုလုပ်သည့် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် သံတမန်ဟောင်းတစ်ဦးဖြစ်သည့် အော့သ်မန် ဟာရှင်မ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ကြောင်းကြေညာခဲ့သည်။
ကုလသမဂ္ဂကမူ မြန်မာနိုင်ငံတွင် လူဦးရေ၏ သုံးပုံ တစ်ပုံကျော်ဖြစ်သည့် လူပေါင်း သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အလွန်အမင်းလိုအပ်နေကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအထူးသံတမန် အော့သ်မန်သည် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်ဟု မိုဟာမက်ကပြောသည်။
အော့သ်မန်သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို တိုက်တွန်းမည်ဖြစ်သည်။
"မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာဖို့၊ ရန်လိုမှုတွေကို ရပ်တန့်ဖို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်။ ဒါက အလွန်ရိုးရှင်းပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးအပ်ခွင့်ရဖို့လည်း ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်" ဟု မိုဟာမက်က ပြောကြားခဲ့သည်။
Ref: Bangkok Post
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်