
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ဖြေဆိုပွဲကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲ (သဘောရေးဖြေ) ပွဲ၌ အဘိဓမ္မာ (ဒုတိယပိုင်း) တွင် စာရင်းသွင်း သံဃာတော်လေးပါးရှိပြီး ဖြေဆိုသံဃာတော်လေးပါး၊ အဘိဓမ္မာ (ပထမပိုင်း) တွင် စာရင်းသွင်းသံဃာတော် ၁၇ ပါးရှိပြီး ဖြေဆို သံဃာတော် ၁၅ ပါး၊ ဒီဃနိကာယ်ကျမ်းတွင် စာရင်းသွင်းသံဃာတော် ၃၈ ပါးရှိပြီး ဖြေဆို သံဃာတော် ၃၅ ပါး၊ ၀ိနည်း (ပထမပိုင်း) တွင် စာရင်းသွင်းသံဃာတော် ၁၂၆ ပါးရှိပြီး ဖြေ ဆိုသံဃာတော် ၁၁၃ ပါးတို့ဖြစ်ကြောင်း သိရ သည်။
(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ဖြေဆိုကြသည့် သံဃာတော်များနှင့် ကြီးကြပ်ဆရာ တော်များအား နေ့ဆွမ်းအလှူရှင် ဒေါက်တာမျိုးထက်အေးနှင့် ဇနီး မိသားစုများ၊ သာကေတမြို့နယ်မှ ပရဟိတအကျိုးဆောင်အလှူရှင်များအဖွဲ့ (ရန်ကုန်) နှင့် ဗီယက်နမ်နိုင်ငံ သာသနာပြုကုသိုလ်အဖွဲ့မှ အချိုရည်နှင့် ရဟန်းအသုံးအဆောင်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်