
မိတ္တီလာခရိုင် ဝမ်းသာကျေးရွာ ဖောင်တန့်နားစေတီတော်ရှိ ပိဿချိန် ၁၀၀ ရှိ ခေါင်းလောင်းတစ်လုံး ခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ခေါင်းလောင်းမှာ အချင်းနှစ်ပေခွဲ၊ အမြင့်သုံးပေခန့်ရှိပြီး ကာလတန်ဖိုး ကျပ် ၁၅ သိန်းခန့် တန်ဖိုးရှိကြောင်း မိတ္တီလာခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မိတ္တီလာခရိုင် သာစည်မြို့နယ် ဝမ်းသာကျေးရွာနေ ဦးညိုမောင်၊ ဦးကျော်ငြိမ်း၊ ဦးဝင်းထွန်း၊ ဦးသန်းကျော်တို့အဖွဲ့မှ အာရုဏ်ဆွမ်းကပ်လှူရန် ဖောင်တန့်နားစေတီတော်သို့ သွားရောက်စဉ် စေတီရင်ပြင်တွင် လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ခန့်က လှူဒါန်းထားသော အချင်းနှစ်ပေ ခြောက်လက်မ၊ အမြင့်သုံးပေခန့်၊ ကြေးပိဿချိန် ၁၀၀ ခန့် ၊ ခေါင်းလာင်းကိုယ်ထည်တွင် ကမ္ဗည်းစာ ရေးထိုးထားထားသည့် ဖောင်းရစ်နှစ်ခု အမြီးခေါင်းလောင်း ချိတ်ဆွဲသည့် ပုဇွန်တုတ်ကွေးတွင် ခြင်္သေနှစ်ကောင်ထိုင်နေပုံ၊ ခေါင်းလောင်းထိပ်တွင် ကြာမောက်ကြာလံပုံ ပါရှိသော ခေါင်းလောင်းတစ်လုံးအား မတွေ့ရှိရသဖြင့် ဝမ်းသာကျေးရွာနေ၊ ဖောင်တန့်နားစေတီတော်ဂေါပက ဥက္ကဋ္ဌ ဦးမိုးလွင် အား အကြောင်းကြားခဲ့ရာ ဦးမိုးလွင်နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ပြီး ခေါင်းလောင်းအား ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့်စေတီရင်ပြင်တော်ပေါ်ရှိ ကြေးခေါင်းလောင်း ခိုးယူသွားသူအား ဖော်ထုတ်ဖမ်းဆီး အရေးယူပေးပါရန် ဇူလိုင် ၃၁ ရက်တွင် ဦးမိုးလွင်မှ တရားလိုပြုလုပ်ကာ ဟံဇားနယ်မြေရဲစခန်းတွင် အမှု့ဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရှိရသည်။
" ဘုရားက ရွာဝင်ဝင်ချင်းပဲ။ ရွာနဲ့ ဘုရား မဝေးဘူး။ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ထားတဲ့ ဘုရားဆိုတော့ ဘုရားဖူးလည်းရှိတယ်။ စျေးနေ့ရက်တွေဆို ညမှာ ဘုရားဝတ်တက်တာတွေရှိတယ်။ ဘုရားပေါ်မှာတော့ အစောင့်မရှိဘူး။ ဘုရားနားမှာလည်း ဘုန်းကြီးကျောင်းတွေက အများကြီးရှိတယ်။ ဘုရားအနီးနားမှာ အိမ်တွေလည်း ရှိတယ်။ ဘုရားအနောက်ဘက်ကတော့ တောဘက်ရောက်တယ်။ ကြေးခေါင်းလောင်းကို လူရှင်းတဲ့ ကန်ဘောင်ဘက်ကနေ ၀ိုင်းလှိမ့်တဲ့ အရာတွေကျန်နေခဲ့တယ်။ အရင်ရက်က ခေါင်းလောင်းလိမ့်တဲ့ အကြောင်းရာတွေမြေကြီးပေါ်မှာ ထင်နေတာ ရှိသေးတယ်၊ မနေ့ညကတော့ မိုးရွာသွားလို့ အကြောင်းရာတွေ ပျက်ကုန်ပြီ" ဟု သာစည်မြို့နယ်၊ ဝမ်းသားကျေးရွာ နေဦးကံညွန့်က ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သာစည်မြို့နယ် ဟံဇားနယ်မြေရဲစခန်းမှူး ရဲအုပ်အေးနိုင်က ပြောကြားသည်။
အဆိုပါ အမှုအား သာစည်မြို့နယ်၊ ဟံဇားနယ်မြေရဲစခန်းမှ (ပ) ၄၇/၂၀၁၉ ရာဇတ်သတ်ကြီးပုဒ်မ ၃၇၉/၂၀၁၉ ဖွင့်လှစ်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၆ ရက် ညပိုင်းက မိတ္တီလာခရိုင် မိတ္တီလာမြို့နယ် မွေကျေးရွာအနီးတောထဲတွင်ကိုးကွယ်တော်မူသော မြောက်မျက်နှာ တဝဂူဘုရားရှိ ကျောက်ဆင်းတုတော်အား ဦးခေါင်းတော်မှ ပခုံးတော်ထိ ဖြတ်တောက်ခိုးယူမှုဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာအောက်တိုဘာ(၁၅)ရက် ညပိုင်းခန့်က မိတ္တီလာခရိုင်၊ဝမ်းတွင်းမြို့နယ်၊ ခံဘူးကျေးရွာအနီး တောထဲတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းဘုရားစေတီတော် ပဲပုဇွန်ကန် ဘုရားဌာပန ဖောက်ထွင်းမှုထပ်မံဖြစ်ပွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်