Top News

အမေရိကန်သံရုံး၏ Facebook တွင် ဖော်ပြခဲ့သော ဗုဒ္ဓပုံတော်ပါ ပန်းချီကားသည် တမင်မသမာသော အကြံဖြင့်ရည်ရွယ်၍ ပြသလွှင့်တင်ခဲ့ခြင်းကြောင့် အမေရိကန်သံအမတ်ပါ သုံးဦးအား အရေးယူပေးရန် လျှောက်ထားမှု ကမာရွတ်မြို့နယ် တရားရုံးက ပလပ်
24htopnews | January 20, 2025 4:12 PM CST

အမေရိကန်သံရုံး၏ Facebook တွင်ဖော်ပြခဲ့သော ဗုဒ္ဓပုံတော်ပါ ပန်းချီကားသည် တမင်မသမာသော အကြံဖြင့်ရည်ရွယ်၍ ပြသလွွှင့်တင်ခဲ့ခြင်းကြောင့် အမေရိကန်သံအမတ်ပါသုံးဦးအား အရေးယူပေးရန် လျှောက်ထားမှုသည် အရေးယူရန်အကြောင်း မပေါ်ပေါက်ဟုဆိုကာ ကမာရွတ်မြို့နယ် တရားရုံးက ပလပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသော ဗုဒ္ဓမြတ်စွာဘုရားပုံပါ ပန်းချီကားသည် ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို နာကျည်းစေခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာဆီရယ် ၊ ပန်းချီကားရေးဆွဲသူ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာသို့ Post တင်သူ စသည့်သုံးဦးတို့အား အရေးယူပေးရန် သြဂုတ် ၁ ရက်တွင်  မကွေးပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးပါမောက္ခက ကမာရွတ်မြို့နယ်တရားရုံး မြို့နယ်တရားသူကြီးထံသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

်မြန်မာနိုင်ငံ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ၊ ဟိန္ဒူ ဘာသာနှင့် နတ်ကိုးကွယ်မှုဟူ၍ ဘာသာငါးမျိုးကို လက်ခံခွင့်ပြုထားသည့်အပြင် တရားရုံးစီရင်ထုံးများ၌ ရဟူဒီဘာသာကိုလည်း ခွင့်ပြုထားသည်ကိုတွေ့ရကြောင်း၊  ထိုသို့ဘုရားပုံအမျိုးမျိုး ရှိနေသည့်အထဲမှ ဗုဒ္ဓဘုရားရှင်ပုံကိုယူ၍ ဓာတ်ငွေ့ကာ မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားခြင်းသည် ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က လက္ခဏာတော်ကြီး ၃၂ ပါး ၊ လက္ခဏာတော်ငယ် အပါး ၈၀ တို့ အထင်အရှား ရှိခြင်းအရ သပ္ပါယ်တင့်တယ်တော်မူသော" ရူပအစိန္တေယျ ဂုဏ်တော်" ကို ဖျက်စီးခြင်းဖြစ်ကြောင်း ဆရာတော်ဦးပါမောက္ခ၏ တရားရုံးသို့ ဦးတိုက်လျှေက်ထားချက်တွင် ပါရှိသည်။

ထို့အပြင် Air Pollution by Factories (ပန်းချီကားနာမည်) ဟူသော အမည်သည် ဗုဒ္ဓဘုရားရှင်ပုံနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်း ဥပဒေအရ ဘာသာသာသနာ ငါးမျိုး ခွင့်ပြုထားခြင်းကြောင့် ဘာသာသာသနာ ငါးမျိုးတို့၏ ဘုရားပုံ ငါးပုံတို့ုဖြင့် တန်းတူညီမျှ ပုံဖော်ထားရမည်သာဖြစ်ကြောင်း ၊ ဘာသာသာသနာ ငါးမျိုးရှိသည့်အနက် ဗုဒ္ဓဘုရားရှင်ပုံကိုသာ ကွက်ယူ၍ ယခုကဲ့သို့ပြုလုပ်ခြင်းမှာ လူတစားကိုးကွယ်သော ဘာသာသာသနာကို တမင်မသမာသော အကြံဖြင့် စော်ကားခြင်းဖြစ်သည့်အပြင် ဗုဒ္ဓဘုရားရှင်ပုံကို ဖျက်စီးခြင်း၊ ပျက်စီးနစ်နာစေခြင်း ၊ ယုတ်ညံစေခြင်းမှတပါး အခြားအဓိပ္ပါယ် မရှိဟု သုံးသပ်ရရှိကြောင်း ၊ဗုဒ္ဓဘုရားရှင်ပုံကို ယခုကဲ့သို့မဖွယ်မရာ ပြုလုပ်လိုက်ခြင်းကြောင့် နိုင်ငံတစ်ခုနှင့်တစ်ခု သံတမန်လမ်းကြောင်းဖြင့်ဖြစ်စေ ၊ အခြားစီးပွားရေး-လူမှုရေးလမ်းကြောင်းဖြင့်ဖြစ်စေ ဆက်စပ်နေသော ချစ်ခင်ရင်းနှီးမှုများကိုပျက်ပြားစေကြောင်း ၊ အမေရိကန်သံရုံးနှင့် အမေရိကန်နိုင်ငံကိုပါ မြန်မာဗုဒ္ဓဘာသာဝင်တို့က မုန်းတီးစေရန် အမုန်းတရားကိုသာ ဖြစ်ပွားစေကြောင်း ဦးတိုက်လျှောက်ထားမှုတွင် ပါရှိချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် ပုံမှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်ကြည့်ပါက ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးကို နာကျည်းစေသည့်အပြင် အခြားသောဘာသာဝင်များအနေဖြင့် ကြည့်မည်ဆိုပါကလည်း ဗုဒ္ဓဘုရားအပေါ်တွင် အထင်သေးစရာဖြစ်ကြောင်း၊ လှောင်ပြောင်ပျက်ရယ် ပြုစရာဖြစ်ကြောင်း မြန်မာနိုင်ငံတွင် နေထိုင်သည့် ၈၆ ရာခိုင်နှုန်းသော ဗုဒ္ဓဘာသာကိုုးကွယ်သည့် ပုဂ္ဂိုလ်များ၏ စိတ်နှလုံးကို နာကျည်းစေအောင်လုပ်ခြင်းကြောင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက စတင်ဖော်ပြထားသော ဗုဒ္ဓမြတ်စွာဘုရားပုံ ပန်းချီကားအပေါ် ကိုးကွယ်ရာ ဘာသာတရားနှင့်ပတ်သက်၍ လူအများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ကန့်ကွက်ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည့် ပန်းချီကားအား ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၄င်းတို့၏ Facebookစာမျက်နှာမှ ပြန်လည်ဖြုတ်ချခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန်သံရုံးက ၄င်းတို့၏ Facebook စာမျက်နှာတွင် အဆိုပါ ပန်းချီကားနှင့် ပတ်သက်၍ ယင်းလက်ရာသည် ပရိတ်သတ်များနှင့် ၄င်းတို့၏ယုံကြည်မှုအပေါ် တိုက်ခိုက်ပုတ်ခတ်သည့် သဘော သက်ရောက်သည်ဟု အများကယူဆသည့်အလျောက်အ ဆိုပါအနုပညာလက်ရာအား မိမိတို့စာမျက်နှာမှ ဖယ်ရှားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘာသာပေါင်းစုံနှင့်ယဉ်ကျေးမှုတို့အပေါ်လေးစားကြောင်း ပြန်လည်ရေးသားခဲ့သည်။


READ NEXT
Cancel OK