
MoU စနစ်ကို ခုတုံးလုပ်ပြီး တရားမဝင် လူစုဆောင်းကာ လိမ်လည်သူ ပွဲစားအချို့ကြောင့် မြဝတီနယ်စပ်မြို့တွင် အခက်ကြုံနေ သူပေါင်း ၃၇၀ ကျော်ရှိနေကြောင်းနှင့် တရားမဝင် အလုပ်သမားစေလွှတ်ရန် လုပ်ဆောင်သူများအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရပ်အစုံမှ လုပ်သားများမှာ ပွဲစားများအား တစ်ဦးလျှင် ကျပ်ခြောက်သိန်းခွဲ ယူဆောင်ကာ PJ ပတ်စပို့စ်နှင့် အလုပ်အကိုင်ရှာဖွေပေးခြင်း အကျိုးဆောင်လုပ်ငန်းလုပ်ဆောင်သူ KS ကိုစိုးဆိုသူ တိမ်းရှောင်ထွက်ပြေးသွားသော်လည်း ၎င်းထံ အပ်ပေးသူများမှစတင်ကာ အရေးယူသွားမည်ဟု မြဝတီမြို့နယ် အလုပ်သမားဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းက ပြောကြားသည်။
မြဝတီမြို့နယ် အလုပ်သမားဦးစီးအရာ ရှိ ဦးနိုင်ဝင်းထွန်းက “လက်ရှိ ကိုစိုးကို မဖော်နိုင်သေးရင် သူ့လက်ထဲကို ရောက်အောင်ပို့ပေးတဲ့သူကို စပြီးအရေးယူပါမယ်။ ဒီမှာရှိတယ်။ အထောက်အထား အချက်အလက်တွေ ယူထားပြီးပါပြီ။ အခုအလုပ်သမားတွေ ကိုယ်တိုင်တရားစွဲမယ်။ တကယ်လို့ အလုပ်သမားတွေ အခက်အကြုံရင် အထက်ဌာနကို တင်ပြပြီး တရားစွဲမယ်။ မြဝတီမှာ လိမ်ပြီးတော့ လုပ်စားနေတဲ့ဟာ များနေတယ်။ ကျွန်တော်တစ်ယောက်တည်း လုပ်လို့မရတဲ့အတွက် စောင့်ကြည့်နေတာကြာပြီ။ စခန်းခေါ်သွားလည်း လုပ်လို့မရခဲ့ဘူး။ ဒါပေမဲ့ လက်မလျှော့ဘဲ မှတ်တမ်းယူထားတယ်။ အခုတော့ အလိမ်ခံရတဲ့ အလုပ်သမားတွေ ကိုယ်တိုင်ရောက်ရှိလာတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုကြသည့် နေရပ်အစုံမှ မြန်မာလုပ်သားများထံမှ တစ်ဦးလျှင် ခြောက်သိန်းကျော်ရယူကာ တရားမဝင် ပို့ဆောင်ရန် မြဝတီမြို့ရှိ ရပ်ကွက်များ၌ စုဆောင်းခြင်းဖြစ်ပြီး တချို့ ၁၀ ရက်ကြာနေသူ တချို့လနှင့်ချီ၍ကြာနေသူများရှိကာ ကိုယ့်စရိတ်နှင့်ကိုယ် စားသောက်နေထိုင်နေရသည့်အတွက် များစွာအခက်အခဲကြုံနေရသည်ဟု အလုပ်သမားများက ပြောကြားသည်။
အလိမ်ခံရသူ တစ်ဦးဖြစ်သည့် ဒိုက်ဦးမြို့နယ်မှ ထွန်းထွန်းဝင်းက “ကျွန်တော်တို့က တောသူတောင်သား လယ်သမားတွေပါ။ ငွေခြောက်သိန်း၊ ခုနစ်သိန်းဆိုတာ အတိုးနဲ့ရှာခဲ့ရတာ။ အတိုးနဲ့ရှာတာလည်း မျက်နှာငယ်လေးနဲ့ ချေးယူရတာပါ။ မြဝတီတောရကျောင်းနားက အေးသာယာ (၂) လမ်းက ကိုအောင်ကိုဝင်းနဲ့ မဝင်းသီတာတို့အိမ်ကိုရောက်တယ်။ အောက်ပွဲစားကတော့ ကညွတ်ကွင်းက ဦးမြင့်ဌေးဆိုတဲ့သူက ပို့ပေးတာပါ” ဟု ဆိုသည်။
အဆိုပါ မြန်မာလုပ်သားများအား မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ကျွန်းတော၊ အမှတ် (၅) ရပ်ကွက် သရက်ပင်ဂိတ်အနီးနှင့် အမှတ်(၄) ရပ်ကွက် နေရာအများအပြားတွင် စုဆောင်းထားခြင်းဖြစ်ကာ ယခုအခါ စာချုပ်ဖြင့် လုပ်သားလက်ခံသူမှာ ထွက်ပြေးနေပြီး ၎င်းထံသို့ ပို့ဆောင်ပေးသူများအား မြဝတီမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်