
မြန်မာနိုင်ငံတွင် ကလေးငယ်များအတွက် ငွေစုဆောင်းခြင်းသဘောတရားပါဝင်သည့် အာမခံအကာအကွယ်မရှိသေးသည့်အတွက် ကလေးငယ်များတစ်လသားအရွယ်မှစ၍ ငွေစတင်စုဆောင်းကာ ၎င်းတို့အတွက် အသက်အာမခံအကာအကွယ်ပါ ရယူနိုင်ရေး စာသင်သားအသက်အာမခံ၌ စီစဉ်ရေးဆွဲထားကြောင်း Grand Guardian Life Insurance -GGI မှ သိရသည်။
“ပညာရေးဆိုတာ မျိုးဆက်သစ်တွေအတွက် ပိုမိုတောက်ပတဲ့အနာဂတ်ဖြစ်စေဖို့ အဓိကကျတဲ့အရာပါ။ သားသမီးတွေရဲ့ အဆင့်မြင့်ပညာရေးစရိတ်တွေ၊ စနစ်တကျနဲ့ လုံခြုံစိတ်ချစွာ ငွေစုဆောင်းနိုင်မည့်စနစ်ကို မြန်မာနိုင်ငံကမိဘတွေဆီ စာသင်သားအသက်အာမခံက ပေးအပ်နေပါပြီ။ တစ်ပြိုင်နက်တည်း ကလေးငယ်တွေအတွက် အသက်အာမခံအကာအကွယ်ကိုလည်း ရရှိခံစားနိုင်မှာပါ” ဟု GGLI ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တန်ယောင်ဟောက်ကဆိုသည်။
စာသင်သားအသက်အာမခံသည် အာမခံထားသူ (ကလေး) ၏ ပညာရေးစရိတ်အတွက် ကလေးအသက် (၁၇) နှစ်ပြည့်သည့် အချိန်မှစ၍ တစ်နှစ်တစ်ကြိမ်ကျစီဖြင့် အာမခံအကျိုးခံစားခွင့်ကို လေးနှစ်ပေးအပ်သွားမည်ဖြစ်သောကြောင့် ငွေကြေးအတွက် စိတ်ချလုံခြုံမှုရရှိစေမည်ဖြစ်ကြောင်း သိရသည်။
စာသင်သားအသက်အာမခံတွင် အာမခံကြေးပေးသွင်းရသည့် သက်တမ်းသည် ငါးနှစ်မှ ၁၆ နှစ်သာဖြစ်ခြင်းကြောင့် အာမခံဝယ်ယူသူ(မိခင်/ဖခင်) များအနေဖြင့် ဘဏ္ဍာရေးအခြေအနေကို ကောင်းစွာစီမံနိုင်မည်ဖြစ်ကြောင်း၊ လေးနှစ်ရရှိခံစားရမည့် အာမခံအကျိုးခံစားခွင့်ကို အာမခံထားသူ(ကလေး) ၏ အသက် (၁၇)နှစ်မှစ၍ (၂၀)နှစ်အရွယ်အထိ ကလေးအတွက်လိုအပ်မည်ဖြစ်သော တက္ကသိုလ်ပညာရေးစရိတ်အဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် GGI ၏ ထုတ်ပြန်ချက်အရ သိရသည်။ စာသင်သားအသက်အာမခံကို ဂျပန်နိုင်ငံ Nippon Life Insurance Company (Nippon Life) ၏ အကူအညီဖြင့်ရေးဆွဲခဲဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်