
ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက်ကြော်ငြာစာများ ထုတ်ပြန်ခဲ့သော်လည်း ပြင်ဆင်ပေးပို့ခြင်း မရှိသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်အသစ် ၈၄ မျိုးကို ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ငန်းများအနေဖြင့် ဆက်လက်လုပ်ကိုင်ခြင်းမရှိပါက မှတ်ပုံတင်အသစ်လျှောက်ထားခြင်းကို ပယ်ဖျက်ကြောင်း တင်ပြရမည်ဟု တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
“ဗဟိုတိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/ ၂၀၁၆)၊ (၂/ ၂၀၁၆)၊ (၁/၂၀၁၇)၊ (၂/၂၀၁၇)၊ (၄/ ၂၀၁၇)၊ (၅/၂၀၁၇)၊(၁/၂၀၁၈)၊ (၂/ ၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈) နဲ့ (၁/ ၂၀၁၉) တို့ရဲ့ ဆုံးဖြတ်ချက်အရ လိုအပ်ချက်တွေ ထုတ်ပြန်ကြေညာထားပြီးဖြစ်သော်လည်း ပြင်ဆင်ဖို့ကျန်ရှိနေတဲ့ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) ၈၄ မျိုးကို ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စာထုတ်ပြန်တဲ့နေ့ကစပြီး လိုအပ်ချက်တွေကို တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) ကိုပေးပို့ဖို့လည်း ပြောထားပါတယ်။ ကြေညာထားတဲ့ အမှတ်တံဆိပ်တွေက ဆက်လက်လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိဘူးဆိုရင်တော့ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) လျှောက်ထားခြင်းကို ပယ်ဖျက်ကြောင်း တင်ပြဖို့ကိုလည်း ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီက ကြေညာထားပါတယ်” ဟု တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာ့တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်စာများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လုပ်ဆောင်ပေးနေပြီး တင်ပို့လိုသည့် တိုင်းရင်းဆေးဝါးအလိုက် ထောက်ခံချက်များထုတ်ပေးလျက်ရှိကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစ၍ လက်ရှိအချိန်အထိ ရှမ်းမောမြေတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ သုံးခု၊ အဘထ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ နှစ်ခု၊ Royal Ruby တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးမှနှစ်ခုနှင့် FAME Pharmaceuticals မှ ၅၃ ခု၊ ထောက်ခံချက် စုစုပေါင်း ၆၀ ကို ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးကုန်ကြမ်းများ တင်သွင်းလိုပါက ပရဆေးကုန်ကြမ်းထောက်ခံချက် ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းဆေးကုန်ကြမ်းများ ပြည်ပမှတင်သွင်းခြင်းအပါအဝင် ကုန်ကြမ်းထောက်ခံချက်အရေအတွက်၂၇၅ မျိုးကို ထောက်ခံချက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးနှင့်ပတ်သက်၍ မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ထောက်ခံချက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆေးဝါးနှင့် ပရဆေးဥယျာဉ်ဌာနခွဲသည် ဆေးရုံဆေးခန်းများ၌ လိုအပ်သော ဆေးဝါးများထုတ်လုပ်ပေးခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ရေးလိုင်စင် ကိစ္စရပ်များဆောင်ရွက်ခြင်း၊ ပရဆေးဥယျာဉ်များ တည်ထောင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်