
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်(၅)ရှိ Beauty Wave ဆံပင်တုစက်ရုံ အလုပ်သမား ၇၀၀ ခန့်သည် တောင်းဆိုချက် ၁၈ ချက် ရရှိရန် ဇူလိုင် ၃၁ ရက်မှစ၍ စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။
ဆန္ဒပြ အလုပ်သမားများသည် ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် တောင်းဆိုချက်များရရှိရန် လုပ်ငန်းခွင်အတွင်း တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရသဖြင့် သြဂုတ် ၁ ရက် တွင် စက်ရုံရှေ့၌ ဆန္ဒပြနေရခြင်း ဖြစ်ကြောင်း သိရသည်။
ဆံပင်တုစက်ရုံ အလုပ်သမားများ၏ တောင်းဆိုချက်များမှာ အိမ်သာများ လုံလောက်စွာ ထားရှိပေးရန်၊ ရက်မှန်ကြေး သုံးသောင်းကျပ် တိုးပေးရန်နှင့် ၁၅ ရက်တစ်ခါ ခွဲပေးရန်၊ ထောက်ပံ့ကြေးနှင့် ရှားပါးစရိတ် သုံးသောင်းကျပ် ပေးရန်၊ မူလပေးမြဲဖြစ်သော ထမင်းဖိုး သုံးသောင်းကျပ် ပေးရန်၊ ဥပဒေပါ ခွင့်ရက်၊ အလုပ်ပိတ်ရက်များနှင့် အလုပ်နားပါက မည်သည့်ကြေးမျှ ဖြတ်တောက်ခြင်း မပြုရန် အပါအဝင် လုပ်ငန်းခွင်၌ အလုပ်သမားများ လိုအပ်သည့် တောင်းဆိုချက် ၁၈ ချက်ရရှိရန် ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။
“စက်ရုံထဲမှာ အိမ်သာ အလုံး ၂၀ ပဲရှိတာ။ အလုပ်သမား ၈၀၀ ကျော်လောက်က သုံးနေရတာ မလုံလောက်ဘူး။ သန့်ရှင်းရေးဝန်ထမ်းလည်း မခေါ်ဘူး။ အလုပ်သမားတွေကိုပဲ အိမ်သာသန့်ရှင်းရေး လုပ်ခိုင်းတော့ အဆင်မပြေဘူး။ အခြားလုပ်ငန်းခွင်ထဲမှာ အဆင်မပြေတဲ့ဟာတွေ အများကြီးရှိသေးတယ်။ စုစုပေါင်း တောင်းဆိုချက် ၁၈ ချက်ရရှိဖို့ ဆန္ဒပြနေတာ။ ကျွန်တော်တို့ တောင်းဆိုထားတဲ့ ၁၈ ချက်စလုံးရမှ မဟုတ်ဘူး။ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် ညှိနှိုင်းကြတာမျိုး လိုချင်တယ်”ဟု Beauty Wave ဆံပင်တုစက်ရုံ အလုပ်သမားတစ်ဦးက ပြောကြားသည်။
ဆန္ဒပြ အလုပ်သမားများ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ဇူလိုင် ၃၁ ရက်နှင့် သြဂုတ် ၁ ရက်တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရသေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်