Top News

Sompo ၊ Mitsui Sumitomo ၊ Tokio and Nichido ၊ Taiyo Life ၊ Thai Life ၊ Nippon Life နိုင်ငံခြား အာမခံကုမ္ပဏီများကို ပြည်တွင်း အာမခံကုမ္ပဏီများနှင့် ဖက်စပ်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြု
24htopnews | January 20, 2025 4:12 PM CST

Sompo ၊ Mitsui Sumitomo ၊ Tokio and Nichido ၊ Taiyo Life ၊ Thai Life ၊ Nippon Life နိုင်ငံခြား အာမခံကုမ္ပဏီများကို ပြည်တွင်း အာမခံကုမ္ပဏီများနှင့် ဖက်စပ် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက် အမှတ် (၃/၂၀၁၉) နှင့် ကြေညာချက်အမှတ် (၄/၂၀၁၉) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖက်စပ် အသက်အာမခံလုပ်ငန်းနှင့် ဖက်စပ် အထွေထွေ အာမခံလုပ်ငန်း အဆိုပြုလျှောက်လွှာပါ လိုင်စင် စိစစ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များ ပြီးဆုံး၍ အကဲဖြတ်စံနှုန်းများနှင့် ကိုက်ညီသည့် ပြည်တွင်း အသက်အာမခံ ကုမ္ပဏီများ၊ ပြည်တွင်း အထွေထွေ အာမခံကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြား အသက်အာမခံကုမ္ပဏီများ၊ နိုင်ငံခြား အထွေထွေအာမခံ ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်း၊ အထွေထွေ အာမခံလုပ်ငန်းအား ဖက်စပ်ပုံစံဖြင့် ဆောင်ရွက်ခွင့်ပြုမည့် အသက်အာမခံကုမ္ပဏီများ၊ အထွေထွေ အာမခံကုမ္ပဏီများအဖြစ် ကြေညာခြင်း ဖြစ်သည်။

ကြေညာချက်အမှတ် (၃/၂၀၁၉) ဖြင့် ဖက်စပ် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် ပြည်တွင်း အသက်အာမခံ ကုမ္ပဏီများနှင့် နိုင်ငံခြား အသက်အာမခံကုမ္ပဏီများ အမည်စာရင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖက်စပ် အသက်အာမခံလုပ်ငန်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသည့် လုပ်ငန်းများမှာ Capital Life Insurance Limited and Taiyo Life Insurance Company Limited ၊ Citizen Business Insurance Public Limited and Thai Life Insurance Public Company Limited ၊ Grand Guardian Life Insurance Company Limited and Nippon Life Insurance Company တို့ ဖြစ်သည်။

ကြေညာချက် အမှတ် (၄/၂၀၁၉) ဖြင့် ဖက်စပ် အထွေထွေ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် ပြည်တွင်း အထွေထွေ အာမခံကုမ္ပဏီများနှင့် နိုင်ငံခြား အထွေထွေ အာမခံကုမ္ပဏီများ အမည်စာရင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖက်စပ် အထွေထွေ အာမခံလုပ်ငန်း အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိသည့် လုပ်ငန်းများမှာ AYA Myanmar General  Insurance Company Limited and Sompo Japan Nipponkoa  Insurance Inc; ၊ Grand Guardian General  Insurance Company Limited and Tokio Marine and Nichido Fire  Insurance Company Limited ၊ IKBZ  Insurance Company Limited and Mitsui Sumitomo  Insurance Company Limited တို့ဖြစ်သည်။

ဖက်စပ် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမည့် ပြည်တွင်း အသက်အာမခံ ကုမ္ပဏီများနှင့် နိုင်ငံခြား အသက်အာမခံ ကုမ္ပဏီများ၊ ဖက်စပ် အထွေထွေ အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်ရမည့် ပြည်တွင်း အထွေထွေ အာမခံကုမ္ပဏီများနှင့် နိုင်ငံခြား အထွေထွေ အာမခံကုမ္ပဏီများသည် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုင်စင်အကြို လုပ်ငန်းစဉ်များကို မဖြစ်မနေ ဖြည့်ဆည်း ဆောင်ရွက်ရမည့်အပြင် ဖက်စပ် အသက်အာမခံ လုပ်ငန်း၊ ဖက်စပ် အထွေထွေ အာမခံလုပ်ငန်း စတင်ချိန်တွင် ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များကိုလည်း ဆောင်ရွက်ထားရမည် ဖြစ်သည်။ လိုင်စင်အကြို လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက ဝန်ကြီးဌာနသည် ပြည်တွင်း အသက်အာမခံကုမ္ပဏီများနှင့် ဖက်စပ် ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြား အသက်အာမခံ ကုမ္ပဏီများအား ဖက်စပ် အသက်အာမခံ လုပ်ငန်းလိုင်စင်၊  ပြည်တွင်း အထွေထွေ အာမခံကုမ္ပဏီများနှင့် ဖက်စပ် ဆောင်ရွက်ခွင့်ရမည့် နိုင်ငံခြား အထွေထွေ အာမခံကုမ္ပဏီများကို ဖက်စပ် အထွေထွေ အာမခံလုပ်ငန်းလိုင်စင် ထုတ်ပေးသွားမည် ဖြစ်သည်။

 


READ NEXT
Cancel OK