Top News

ပန်းတောင်းမြို့နယ် ကြာအင်းကျေးရွာရှိ အစိုးရ အလယ်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆရာလေးဦးသာ ရှိသည့်အတွက် ကလေးများ စာသင်ကြားရေး အခက်အခဲဖြစ်နေ
24htopnews | January 20, 2025 4:12 PM CST

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကြာအင်းကျေးရွာရှိ အစိုးရ အလယ်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆရာ လေးဦးသာ ရှိသည့်အတွက် ကလေးများ စာသင်ကြားရေး အခက်ခဲ ဖြစ်ပေါ်နေကြောင်း ကျောင်းအကျိုးတော်ဆောင် အဖွဲ့က ပြောကြားသည်။

အဆိုပါ ကြာအင်းရွာ (ထက်) အခြေခံပညာ လယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းတာဝန်ခံဆရာ အပါအဝင် ကျောင်းဆရာ လေးဦးသာရှိပြီး ကျောင်းသားဦးရေမှာ KG တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားကျောင်းသူ ၁၁၂ ဦးရှိသည့်အတွက် ကလေးငယ်များ စာသင်ကြားရာတွင် အတန်းပေါင်း သင်နေရခြင်း၊ စာသင်ကြားရန် စောင့်ဆိုင်းနေရခြင်း၊ သင်ကြားရသည့် ဆရာများမှာလည်း အတန်းစုံ သင်ကြားရသည့်အတွက် အခန်းဆုံး သင်ကြားနိုင်ရန် ခက်ခဲစွာ ကြိုးစားနေရကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်အရ သိရသည်။

“ကျောင်းအုပ်ကလည်း မရှိတော့ လက် ထောက်ကနေပဲသွားလာနေရတော့ စာသင်ချိန်လည်း နှောင့်နှေးတာက တစ်ပိုင်း မနှစ်က ကျောင်းအုပ်လည်း တစ်လလောက်ပဲ သင်တယ်။ နောက်ပိုင်းမှာသူလည်း မရှိပြန်ဘူး။ အခုထက်ထိကို ကျောင်းအုပ်မရှိတော့ တော် တော်ဒုက္ခများတယ်။ ဆရာတွေကလည်း လေးယောက်ပဲရှိတော့ တစ်ယောက်ကို နှစ် တန်းဆီလောက် သင်နေရတယ်။ မနိုင်မနင်း ဖြစ်နေတာပေါ့” ဟု ကျောင်းအကျိုးတော်ဆောင် ဦးကျော်ထွေးက ပြောကြားသည်။

ဆရာ ဆရာမ ချထားပေးရန် စာတင်ခဲ့သော်လည်း ထူးခြားမရှိကြောင်း ကျောင်းအုပ်မှာလည်း ၁၀ လပိုင်းခန့်မှသာ ကျရောက်နိုင်မည်ဟု ကြားသိရသေးကြောင်း အစိုးရကျောင်းအဖြစ် ဆရာဆရာမ ငှားရမ်းသင်ရပါက ငွေကြေးအခက်အခဲရှိကာ ယခင်နှစ်ကလည်း ကျေးရွာအတွင်းရှိ ပညာတတ်ကလေးများကို လုပ်အားပေးအဖြစ် ငွေကြေးပေးကာ သင်ခိုင်းခဲ့ရကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့က ကျောင်းအခြေအနေက တော်တော်ဆိုးတယ် ဆရာဆရာမ မပြည့်စုံတာက ဒီနှစ်မှရယ် မဟုတ်ဘူး။ သုံးလေးနှစ်လောက်ရှိပြီ အခြေအနေက တော်တော်ဆိုးတဲ့ အပိုင်းလေးဖြစ်သွားပြီ ရေရှည်အတွက်ကို ကျောင်းသားမိဘတွေက ဒီရာသီဥတုနဲ့ တောင်သူလယ်သမားတွေ ဖြစ်တဲ့အတွက် မပြေနိုင်တာ သေချာပေါက်ပါပဲ။ လယ်ယာမြေကို မှီခိုဖို့ကြတော့ ဖန်ခါးပင်ကြိုးဝိုင်းထဲမှာ လုပ်ကိုင်နေတဲ့အတွက် သစ်တောနဲ့လည်း တိုက်ရိုက်ထိတွေ့ နေရတယ်။ သူတို့ကဖိတယ်။ ကုမ္ပဏီနဲ့ကလည်း အဆင်မပြေတော့ ကျေးရွာသူ ကျေးရွာသားတွေဟာ ဆရာဆရာမငှားဖို့ လုံးဝအဆင်မပြေနိုင်ပါဘူး” ဟု ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဇော်က ဆိုသည်။

ယင်းကျောင်းတွင် ပြီးခဲ့သည့်စာသင် နှစ်က ကျောင်းဆရာမတစ်ဦး၏ အခန်းတွင်း အဝတ်အစားများအား ဝင်ရောက်မွှေနှောက် သည်ဟု တိုင်တန်းမှုကြောင့် နှစ်ဖက်စစ်ဆေး မှုများပြုလုပ်ကာ ကျောင်းဆရာမအား လုံခြုံ ရေးအတွက် ကျောင်းပြောင်းရွှေ့ပေးခဲ့ ကြောင်း ယင်းနောက် ကျောင်းဆရာမ ထပ်မံ ရောက်ရှိခြင်း မရှိဘဲ အဝတ်အစားများအား လည်း ကျောင်းသားကလေးများက မွှေ နှောက်ခြင်းမရှိကြောင်း ဒေသခံများကငြင်းဆို ထားသည်။

ယင်းကျေးရွာမှာ မိုးအခါတွင်သွားလာ ရေးခက်ခဲကာ ဆည်အတွင်းစက်လှေငယ်ဖြင့် သာ သွားလာနိုင်ပြီး ပွင့်လင်းချိန်ရောက်မှသာ လမ်းကြမ်းကို အသုံးပြုရကြောင်း ချင်းတိုင်း ရင်းသားအများစုနေထိုင်ကြကာ ညောင်ကိုင်း ဆည်တည်ဆောက်စဉ်က ရွာလုံးကျွတ်ရွှေ့ ပြောင်းခဲ့ရပြီး သစ်တောမြေအတွင်းကျ ရောက်နေသည်ဟုဆိုကာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီက တရားစွဲမှုကြောင့် ရွာသားအချို့ တရားစွဲဆိုခံရပြီး ထောင်ကျခံခဲ့ရဖူးကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပန်း တောင်းမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူ များထံ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ ပေ။

 


READ NEXT
Cancel OK