Top News

ဂျပန်စစ်ကျန်ပစ္စည်း ရတနာသိုက်ရှိသည် ဟုဆိုသော သံဖြူဇရပ်မြို့နယ်ရှိ မိ်န်မလာတောင်တွင် တူးဖော်မှုများ ပြုလုပ်နေသဖြင့် မြေအောက်မိုင်း အချိန်မရွေး ပေါက်ကွဲမှု ဖြစ်ပေါ်မည်ကို ဒေသခံများစိုးရိမ်
24htopnews | January 20, 2025 4:12 PM CST

ဒုတိယကမ္ဘာစစ် ဂျပန်စစ်ကျန်ပစ္စည်း ရတနာသိုက်ရှိသည်ဆိုသော သံဖြူရပ်မြို့နယ်ရှိ မိန်မလာတောင်တွင် တူးဖော်မှုများ ပြုလုပ်နေရာ မြေအောက်မိုင်း အချိန်မရွေး ပေါက်ကွဲကာ ဒေသခံများ၏ ရော်ဘာခြံ၊ ပစ္စည်းများ ဆုံးရှုံးမှု ဖြစ်ပေါ်မည်ကို သံဖြူဇရပ်မြို့ခံများက စိုးရိမ်နေကြောင်း သိရသည်။

“ကန့်ကွက်တာကတော့ ကန့်ကွက်ဖို့မရှိဘူး။ သူတို့လာလုပ်တဲ့အတွက် အခုနကပြောသလိုပေါ့။ ပွင့်လင်းမြင်သာမှု ရှိရမယ်။ အစိုးရ ရဲ့တရားဝင်ခွင့်ပြုချက်ရှိတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကန့်ကွက်စရာ မလိုဘူး။ ကြိုဆိုတယ်။ လာလုပ်ပါ။ ကန့်ကွက်ဖို့ ဆိုတာက သူတို့လုပ်ပုံကိုင်ပုံ မမှန်တဲ့ခါကျတော့ လက်ရှိတောင်ပေါ်မှာရှိတဲ့ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှု ရော်ဘာပစ္စည်း၊ ကျွန်တော်တို့ ရှေးတုန်းက ကြားခဲ့တာ ဥပမာအောက်မှာ မိုင်းတွေမြှုပ် ထားတာမျိုးရှိတယ်။ အကယ်၍ဒီမိုင်းတွေက အချိန်မရွေးပေါက်ကွဲလာနိုင်တယ်။ ဒေသခံ တွေရဲ့ ပိုင်ဆိုင်မှုတွေလည်း ပျက်စီးလာနိုင်တယ်။ ဥပမာဆိုရင် သူတို့လုပ်နေတာက ဘယ်သူတွက် အကျိုးပြု လုပ်ထားလဲ။ ပြည်ထောင်စုအတွက် လုပ်တာလား၊ ဒေသခံတွေအတွက် လုပ်တာလား၊ သူတို့ကုမ္ပဏီအတွက် လုပ်တာလား။ ကုမ္ပဏီကရော ဘယ်လောက်ပိုင်ဆိုင်ခွင့်ရှိမှာလဲ။ ဒေသခံတွေအတွက် ဘယ်လောက် ပိုင်ဆိုင်မှုရှိမှာလဲ။ အဲဒါတွေကို သူတို့က မချပြ ဘဲလုပ်နေတယ်။ အထက်ကလုပ်တာပဲပြော နေတဲ့ခါကျတော့ ဇူလိုင်၂၉ ရက်က ကျွန်တော် တို့လာတဲ့အနေထားမှာဆိုရင် ဒီထဲကို ဝင်ဖို့ တံတားလေး အရင်ကရှိတယ်။ မနေ့ထိရှိနေတယ်။ ဒီနေ့လာတော့ တံတားကဖြုတ်ထား တယ်ဆိုတော့ သူတို့ဘက်က မရိုးသားဘူးလို့ပဲ မြင်ပါတယ်” ဟု ဒေသခံ ဦးလင်းလင်းခိုင်က ပြောကြားသည်။

သံဖြူဇရပ်မြို့နယ် မိန်မလာတောင်တည်ရှိရာ ဝဲကဝါကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးသန်းက ၂၀၁၈ ခုနှစ်က လက်ရှိတူးသည့်ရွိုင် ရယ်အီးဂယ်မြန်မာဒီပလို့မင်ကို စမ်းသပ်ကာလ သုံးလခွင့်ပြု၍ တစ်စုံတစ်ရာသက်သေပြ နိုင်က ငါးနှစ်လုပ်ပိုင်ခွင့် ပြည်ထောင်စုက ခွင့်ပြုမည်ဖြစ်ကြောင်း၊ သုံးလပြည့်အကြောင်း မထူးဟုဆိုကာ တူးဖော်မှုကျင်းကို ပြန်လည် ဖုံးအုပ်ပေးရန် အကြောင်းကြားခဲ့ပြီး တူးဖော်ထားမှုကို စောင့်ကြည့်၍ တစ်လတစ်ကြိမ်မြို့ နယ်ထွေအုပ်သို့ သတင်းပို့ရကြောင်း၊ ယခုနှစ်တွင် မည်သည့်အကြောင်းကြားစာ မရှိဘဲ ၂၆-၇-၂၀၁၉ တွင် တူးသည်ကိုတွေ့၍ မြို့နယ်ထွေအုပ်ကို သတင်းပို့ရာ အထက်ဌာန ခွင့်ပြုစာရမှ လုပ်ဆောင်ရန်၊ မရခင်ရပ်ဆိုင်းထားရန် တာဝန်ခံဒေါ်ဇင်မာဦးကို ပြောကြားခဲ့၍ မိမိအနေနှင့် နေ့စဉ်မြေပြင် အခြေအနေကို လာရောက်ကြည့်ရှုပြီး မြို့နယ်ထွေအုပ်သို့ တင်ပြရကြောင်း ပြောကြားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက တူးနေသည်မှာ သိရှိပြီး ခွင့်ပြုချက်စာမပြနိုင်ကြောင်း၊ အခြေနေကို အပေါ်ကို ဆက်လက် တင်ပြထားသည်ဟု ဆိုသည်။

ယင်းအခြေနေကို ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) ထံမေးမြန်းရာ ၂၀၁၈ ခုနှစ်က ဖြစ်နိုင်ခြေတူးဖော်၍ ရပ်ဆိုင်းထားပြီး ယခုနှစ်တူးဖော်ခွင့်အတွက် မသိရသော်လည်း ပြည်ထောင်စုဝန်ကြီးဌာနတွင် တူးဖော်ခွင့်ရရှိရန်အတွက် ကြိုးစားနေပြီး မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ သဘောထားရယူမှု မရှိသေးကြောင်း ပြောကြားသည်။

 


READ NEXT
Cancel OK