
မြေဧက တစ်သောင်းကျော်တွင် ကျပ်ဘီလျံ ၁၅၀ ကျော် ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်နေသည့် မန္တလေး၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံသည့် Gold AYA Mortors International Group ကုမ္ပဏီ၏ မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်က ပန္နက်တင် အခမ်းအနား ပြုလုပ်ကာ စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ တပ်ဆင် ထုတ်လုပ်သည့် လုပ်ငန်းများ ပြီးစီး၍ စက်ရုံစတင် ဖွင့်လှစ်ပွဲနှင့် ပထမဦးစွာ အသေးစား SUV အမျိုးအစား Q35 ကား မိတ်ဆက်ပြသပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် Gold AYA Mortors International Group Co.ltd ဖွင့်လှစ်ခြင်းနှင့် Q35 ကားအမျိုးအစား မိတ်ဆက်ပြသပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပြီး အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှု မရှိမဖြစ် လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုတာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI က အရေးအကြီးဆုံးပါပဲ။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ ကြည့်လိုက်ပါ FDI မရှိဘဲနဲ့ မဖွံ့ဖြိုးပါဘူး။ အမေရိကန်လည်း FDI ရှိတယ်။ တရုတ်မှာလည်း FDI ရှိတယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ သူတွေအတွက်ဆို FDI က မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလာနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရပါမယ်။ ရင်းနှီးမြှုပ်နှံမှုက မြတ်ချင်လို့ လာတာပါ။ ရှုံးချင်လို့ ဘယ်သူမှ မလာပါဘူး။ အဲဒီလို နိုင်ငံခြားကုမ္ပဏီတွေရဲ့ အမြတ်တွေထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ အမြတ်တွေလည်း ပါရပါတယ်။ ကျွန်တော်တို့ လူသား အရင်းအမြစ်တွေလည်း မြတ်ရပါမယ်။ အဲဒီလို ရည်ရွယ်ချက်နှစ်ခုနဲ့ ကြိုးစားရပါတယ်။ အခုဆို မြို့သာစီမံကိန်းမှာ နိုင်ငံ ခုနစ်နိုင်ငံက စက်ရုံလုပ်ငန်း ၂၁ ခုရှိလာပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂၄၃ ဘီလျံကျပ်ရှိပြီ။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၁၃ မီလျံရှိတယ်။ ဒီလို ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ဖို့ နေရာအကျယ်အဝန်း လိုတယ်။ ဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ဖို့ ရေ၊ လျှပ်စစ် စတာတွေ ကောင်းမွန်ရပါတယ်။ ဒါကြောင့် တစ်ခါတလေ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အချိန်မှာ လျှပ်စစ်မီး ပြတ်ပြတ်သွားတာကို မျက်နှာပူရတယ်” ဟု ပြောကြားခဲ့သည်။
“နိုင်ငံဖွံ့ဖြိုးဖို့ ၀ိုင်းဝန်းကြိုးပမ်းတဲ့ နေရာမှာ အစိုးရတစ်ရပ်တည်းနဲ့ မရပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ ပါမယ်။ ပြည်သူတွေ ပါမယ်။ ဒီလိုအခွင့်အရေး ရလာတဲ့အချိန်မှာ သင်ယူစေချင်တယ်။ ကားစက်ရုံ ဖွင့်ပေးပြီးတော့ ကျွန်တော်တို့ လုပ်ခနည်းတာကို မူတည်ပြီးတော့ အကျိုးအမြတ် တစ်ခုတည်းကို မကြည့်ပါနဲ့။ အခုဆို ဒီဒေသခံတွေကို ဒီစက်ရုံရဲ့ ၈၄ ရာခိုင်နှုန်း အလုပ်တွေ ပေးထားပြီ။ ဒါက အလုပ်အကိုင် အခွင့်အလမ်း တစ်ခုတည်းတင် မဟုတ်တော့ဘဲ ပညာပါရအောင် လုပ်ရမှာပါ။ လစာရော၊ ပညာရော ရမှသာ ကျွန်တော်တို့ အခြေအနေ တစ်ရပ်ကို ဖန်တီးနိုင်မှာ” ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက် ပြောကြားသည်။
အဆိုပါ မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံမှာ မြို့သာစက်မှုဥယျာဉ်အတွင်းရှိ မြေဧက ၂၁ ဒသမ ၁ ဧက အကျယ်အဝန်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး လက်ရှိတွင် Doda နှင့် Gold AYA တံဆိပ် ကားများကို အဆိုပါ မော်တော်ကားစက်ရုံက အိမ်သုံး ဇိမ်ခံကားများ၊ SUV ၊ MPV ၊ ရုံးသုံးကားများ၊ ထရပ်ကားများ၊ အထူးမော်တော်ယာဉ်များနှင့် Bettery မော်တော်ကားများ အစရှိသည့် ကားအမျိုးအစား ခုနစ်မျိုးနှင့် Model အသစ် ၁၀ မျိုးကို ထုတ်လုပ်ရန် စီစဉ်ထားကြောင်း သိရပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့်စက်ရုံမှ ထွက်ရှိသည့် ကားများကို ရန်ကုန်၊ မန္တလေးမြို့ရှိ show room အရောင်းဆိုင်များတွင် ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ဘဏ်နှင့် ချိတ်ဆက်ပြီး မော်တော်ကား ရောင်းချခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်မည်ဟု သိရသည်။
“အခု ထုတ်လုပ် မိတ်ဆက်လိုက်တဲ့ SUV အမျိုးအစားဖြစ်တဲ့ BAIC CHANGHE ရဲ့ Q35 ကားကို သြဂုတ် ၂ ရက်မှာ ရန်ကုန်စျေးကွက်မှာ စတင် ရောင်းချပါမယ်။ လက်ရှိမှာ အစီးရေ ၁၆၀ ထုတ်လုပ်ထားပြီး တစ်နှစ်ကို ကားအစီးရေ ၅၀၀၀ ထုတ်လုပ်သွားမှာပါ။ ဒါက လက်ရှိ တည်ဆောက် တပ်ဆင်ထားတဲ့ စက်ကိရိယာပိုင်းနဲ့ဖြစ်ပြီး ဆက်လက် တိုးချဲ့တပ်ဆင်ဖို့ ကျန်ပါသေးတယ်။ ဒါကြောင့် စက်ရုံအနေနဲ့ ကားထုတ်လုပ် တပ်ဆင်မှုက တစ်နှစ်ထက် တစ်နှစ် ပိုမိုလာမှာဖြစ်ပြီး ကနဦး မြန်မာပြည်စျေးကွက်ကနေ နောက်ပိုင်းကျရင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက တစ်ဆင့် အာရှစျေးကွက် ကို ထိုးဖောက်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိ ပြည်တွင်းစျေးကွက်အတွက် ကားစျေးနှုန်းကိုတော့ သြဂုတ် ၂ ရက်မှာ ကြေညာသွားပါမယ်” ဟု Gold AYA Mortors International Group Co.,Ltd ၏ Vice General Manager Mr.Jacky Yan က ပြောကြားသည်။
အဆိုပါ ဖွင့်လှစ် လည်ပတ်ခဲ့သော မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီတွင် လက်ရှိဝန်ထမ်း ၁၃၈ ဦးအနက် ၂၅ ဦး မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ၁၁၃ ဦးမှာ မြန်မာနိုင်ငံသား ဝန်ထမ်းများ ဖြစ်သည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်နှင့် ဆီမီးခုံ ဧရာဝတီဆိပ်ကမ်း စီမံကိန်းမှာ ၂၀၁၂ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပြီး စက်မှုဥယျာဉ် စီမံကိန်းအတွင်း ရင်းနှီးမြှုပ်နှံသည့် စက်ရုံအလုပ်ရုံများမှာ အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်