Top News

ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်၌ ဆက်သွယ်ရန် လိပ်စာမပေးဘဲ ထီထိုးခဲ့သူ ကျပ်သိန်းပေါင်း တစ်သောင်းခွဲဆု ကံထူး
24htopnews | January 20, 2025 4:12 PM CST

ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်၌ ဆက်သွယ်ရန် လိပ်စာမပေးဘဲ ထီထိုးခဲ့သူ ကျပ်သိန်းပေါင်း တစ်သောင်းခွဲဆု ကံထူးခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်၌ ထွက်ရှိသည့် (၆) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ၌ အဆိုပါဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

“ ၆ ကြိမ်မြောက်မှာ ကျွန်တော်တို့ ဟင်္သာတ မင်္ဂလာစွယ်တော်ထီဆိုင်ကနေ သိန်းပေါင်း တစ်သောင်းခွဲ ထီပေါက်ပါတယ်။ လမင်းကြယ်စင်ကနေ ယူပြီး ရောင်းတာပါ။ ရန်ကုန်က ယူရောင်းတာပါ။ အခု သိန်းပေါင်း တစ်သောင်းခွဲဆု ပေါက်တဲ့သူက ၁၇ ရက်လောက်က ထီထိုးသွားတာပါ။ ၃၆ စောင်ပါတဲ့ မင်္ဂလာစုံတွဲ ၃ ကဒ် ထိုးသွားတာပါ။ နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ပေးမသွားတဲ့ အခါကျတော့ ကျွန်တော်တို့လည်း အခုလောလောဆယ် စုံစမ်းနေတုန်းပါပဲ။ အကျိုးအကြောင်း မသိရသေးဘူး။ ကျွန်တော်တို့က တစ်ထောင်နှုန်း ရောင်းတာဆိုတော့ တစ်ကဒ်ကို သုံးသောင်း ခြောက်ထောင်ပေါ့။ စုစုပေါင်း တစ်သိန်းနဲ့ ရှစ်ထောင်လောက် ကျတာပေ့ါ။ သူက သူ့ဘာသာသူ ထီပေါက်စဉ်တိုက်မယ် ပြောသွားတယ်၊ နာမည်နဲ့လိပ်စာ ပေးမသွားဘူး။ အခုလောလောဆယ်ကတော့ သိန်းပေါင်း တစ်သောင်းခွဲ ပေါက်တဲ့သူကို သိအောင် ကျွန်တော်တို့ ဆိုင်ရှေ့မှာလည်း ကြော်ငြာပေးထားတယ်၊ Facebook မှာလည်း တင်ထားပါတယ်။ သိရင် လာပြီး ဆက်သွယ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဟင်္သာတ မင်္ဂလာစွယ်တော်ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင် က ပြောကြားသည်။

ပြီးခဲ့သည့်လကလည်း ဟင်္သာတမြို့ရှိ ထီဆိုင်မှ ကျပ်သိန်းပေါင်း တစ်သောင်းခွဲဆု ပေါက်ခဲ့ပြီး ဟင်္သာတမြို့မှ အသက် ၈၀ အရွယ် အဘွားဒေါ်ခင်တင့်က ကံထူးခဲ့သည်။

 


READ NEXT
Cancel OK