
ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ် ပရီးမီးယားလိဂ်ရာသီအဖွင့် နိုင်ပွဲဆက်အများဆုံးစံချိန်ကို တင်ရှိထားသည့် မော်ရင်ဟိုက သူ၏စံချိန်ကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် လိုက်မမီနိုင်သည့်အတွက် အမှန်တကယ်ပျော်ရွှင်မိသည်ဟု ဝန်ခံခဲ့သည်။
မော်ရင်ဟိုသည် ၂၀၀၅-၀၆ ရာသီက ချယ်လ်ဆီးအသင်းနှင့်အတူ ရာသီအဖွင့်(၉)ပွဲဆက်အနိုင်ရသည့်စံချိန်ကို တင်ရှိခဲ့ခြင်းဖြစ်သည်။
Sky Sports ရုပ်သံတွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မော်ရင်ဟိုက မန်ယူအသင်း ခံစစ်ကစားလွန်းသည်ဟု ကလော့ပ်၏ဝေဖန်မှုကိုလည်း ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။
''ယူနိုက်တက်ဟာ နောက်တန်းမှာ (၅)ယောက်ထားကစားခဲ့လို့ ခံစစ်က ခိုင်မာတောင့်တင်းပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ(ကလော့ပ်)တို့အတွက် အကန့်အသတ်ရှိပါတယ်။ အပြောင်းအလဲလုပ်ဖို့လည်း အခွင့်အရေးမရပါဘူး။ ဒါကို ယာဂန်က မနှစ်သက်တာပါ။ လီဗာပူးလ်ဟာ Low Block (ပြိုင်ဘက်၏ ဂိုးဧရိယာနှင့် အနီးတစ်ဝိုက် ဇုန်-၁၆၊ ၁၇၊ ၁၈)ပုံစံ ပိတ်ကစားတဲ့အသင်းနဲ့ဆိုရင် သူတို့အရည်အသွေးတွေ ပျောက်ဆုံးကုန်တာပါပဲ။ သူတို့ အလိုရှိတဲ့ပုံစံအတိုင်း ကစားတဲ့အသင်းဆိုရင်တော့ ချေမှုန်းနိုင်ပါတယ်။ ယာဂန်ဟာ ဒါနဲ့ပတ်သက်ပြီး မချင့်မရဲဖြစ်ခဲ့တာ သေချာပါတယ်။ သူ့ရဲ့အသင်းက အလွန်ကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်မှာ သူ အနိုင်ရအောင် မလုပ်နိုင်ခဲ့ဖူးပါဘူး''ဟု မော်ရင်ဟိုက သုံးသပ်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှု (၆၈-၃၂%)ဖြင့် အသာစီးရခဲ့ပြီး ဂိုးကန်သွင်းခွင့်၊ ဂိုးပေါက်ခြိမ်းခြောက်မှုများမှာ မန်ယူအသင်းထက် သာလွန်ခဲ့သည်။
ယာဂန်ကလော့ပ်သည် ပရီးမီးယားလိဂ်တွင် မော်ရင်ဟိုနှင့် (၆)ကြိမ် ရင်ဆိုင်တွေ့ခဲ့ပြီး (၂)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၁)ပွဲရှုံးဖြင့် အနည်းငယ်အသာရထားလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်