
၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလားခြေစစ်ပွဲ ဒုတိယအဆင့် ယှဉ်ပြိုင်နေ သည့် မြန်မာ့လက်ရွေးစင်အသင်းကို တစ် ကျော့ပြန်ကိုင်တွယ်မည့် ဂျာမန်နည်းပြ အန် တွမ်နီဟေးသည် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၎င်းအပေါ်ယုံကြည်စွာအားပေးထောက်ခံမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် နည်းပြချုပ်ဟောင်း ရာဒူလိုဗစ်နှင့် ပြီးခဲ့သည့်အောက်တိုဘာ ၂၀ ရက်တွင် လမ်းခွဲခဲ့ပြီးနောက် မြန်မာအသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် နည်းပြဟောင်း အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် MFF နှင့် အန်တွမ်နီဟေးသည် အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန် ရှိတော့ပြီး အသေးစိတ်ဆွေးနွေးမှုအားလုံး ပြုလုပ်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က အတည်ပြု ပြောကြားသည်။
မြန်မာနိုင်ငံသို့ရောက်ရှိလာသည့် အန်တွမ်နီဟေးက မြန်မာ့လက်ရွေးစင်အသင်းကို ပြန်လည်ကိုင်တွယ်ခွင့်ရခဲ့ခြင်းအတွက် ''မြန်မာ့လက်ရွေးစင်အသင်းကို ပြန်လည်ကိုင်တွယ်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အား ပေးထောက်ခံခဲ့တဲ့ ပရိသတ်တွေ၊ ယုံကြည် ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပြန်လည်ဆုံတွေ့ခွင့်ရတာက အကောင်းဆုံးတွေဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ သမိုင်း ကြောင်းကောင်းသလို အရည်အသွေးရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရည်မှန်းထား တဲ့ ရည်မှန်းချက်တွေကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်သွားမှာပါ။ နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံရတာက ဂုဏ်ယူဝမ်းမြောက်ဖို့ ကောင်းပါတယ်''ဟု ပြောကြားသည်။
ဂျာမန်နည်းပြ အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် ခန့်အပ်ခံခဲ့ ရသော်လည်းဖြစ်ပြီး ၂၀၁၈ အာဆီယံဆူဇူကီးဘောလုံးပြိုင်ပွဲတွင် မလေးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှထွက်ခဲ့ရသဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။
အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကာလအတွင်း မြန်မာ ယူ-၂၃ အသင်းနှင့်အတူ အာရှအားကစားပြိုင်ပွဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြောက်ကိုရီးယား၊ အီရန်စသည့် ထိပ်သီးအသင်းများကို ခြေရည်တူကစားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်