Top News

ရီးယဲလ်အသင်း၏ ချန်ပီယံလိဂ်ပွဲကို ဘေးလ်နှင့် မိုဒရစ် ထပ်မံလွဲချော်
24htopnews | January 20, 2025 3:12 AM CST

ရီးယဲလ်အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်နှင့် ကွင်းလယ်လူ မိုဒရစ်သည် ဂါလာတာစာရေးအသင်းနှင့် ယနေ့ကစား မည့် ချန်ပီယံလိဂ်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က နိုင်ငံတကာပွဲသွားရောက်ကစားစဉ် ဒဏ်ရာအသီးသီးရရှိခဲ့ခြင်းဖြစ်ပြီး မာယော့ကာအသင်းနှင့်ပွဲကိုလည်း လွဲချော်ခဲ့သည်။

ထို့ပြင် ဗက်ဇ်ကေး၊ နာချိုနှင့် ကာလရှည်အနားယူနေရသည့် အဆန်စီယိုတို့လည်း ယခုပွဲကို လွဲချော်မည်ဖြစ်သည်။

သို့သော် မာယော့ကာနှင့်ပွဲကို လွဲချော်ခဲ့သည့် ဟာဇက်၊ တိုနီကရို့စ် နှင့် ကာဗာဟယ်လ်တို့မှာမူ လူစာရင်းတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် PSG အသင်းကို သုံးဂိုးပြတ် ရှုံးနိမ့်ထားသလို ဒုတိယပွဲတွင်လည်း ကလပ်ဘရုဂေးအသင်း ကို နောက်မှလိုက်ကစားကာ နှစ်ဂိုးစီသရေ ကျထားသဖြင့် ယခုပွဲတွင် နိုင်ပွဲရရှိရန် လိုအပ် နေသည်။

 


READ NEXT
Cancel OK