
အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာကြောင့် ပွဲထွက်နိုင်ခြင်းမရှိသည့် ပွဲစဉ်များတွင် တစ်ပွဲပျမ်းမျှ (၁.၄၁)မှတ်သာ ရရှိခဲ့သည့် ဘာစီလိုနာအသင်းသည် မက်ဆီ စတင်ပွဲထွက်ခဲ့ပြီးနောက်ပိုင်း ရာနှုန်းပြည့်နိုင်ပွဲရရှိခဲဲ့့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် မက်ဆီဒဏ်ရာကြောင့် အနားယူနေရသည့်ကာလအတွင်း လာလီဂါပွဲစဉ်များတွင် နိုင်ပွဲရာခိုင်နှုန်း (၄၀)သာရှိခဲ့ကာ အမှတ်ပေးဇယားအဆင့် (၇)နေရာအထိ ကျဆင်းသွားခဲ့သည်။
သို့ရာတွင် ဗီလာရီးယဲလ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် မက်ဆီသည် ပထမဆုံးအကြိမ် ပြန်လည်ကစားခဲ့ပြီး ယင်းပွဲ၌ (၂-၁) ဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။
ယင်းနောက် ဂီတာဖေး၊ ဆီဗီလာ၊ အီဘာတို့ကို ဆက်တိုက်အနိုင်ရကာ အမှတ်ပေးဇယားထိပ် ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ၎င်းင်း ကစားသည့် ပွဲစဉ်များတွင် ဘာစီလိုနာအသင်း၏ နိုင်ပွဲရရှိ မှုနှုန်းမှာ (၁၀၀)ရာခိုင်နှုန်းအထိ ရှိလာခဲ့ခြင်းလည်းဖြစ်သည်။
ယင်းအတွက်ကြောင့် မက်ဆီအား စပိန်မီဒီယာများက ဝိုင်းဝန်းချီးကျူးနေကြပြီး အသက် (၃၂)နှစ်အရွယ် ရှိလာပြီဖြစ်သည့်တိုင် ဘာစီလိုနာအသင်း၏ မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်နေဆဲဖြစ်ကြောင်းလည်း ရေးသားခဲ့ကြသည်။
ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ဗယ်လ်ဗာဒီကလည်း မက်ဆီ၏ အသင်းအတွက် အရေးပါမှုအပေါ် ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ပြီး မက်ဆီသည် ယခုအချိန်အထိ ကြံ့ ခိုင်မှုမပြည့်ဝသေးခြင်းကြောင့် အလွန်အကျွံ မမျှော်လင့် ကြရန်လည်း သတိပေးပြောကြားခဲ့သည်။
ဗယ်လ်ဗာဒီက ''မက်ဆီက အခုအချိန်အထိ ရာနှုန်းပြည့် ကြံ့ခိုင်ဖို့အတွက် ကြိုးစားနေရဆဲပါ။ သူဟာ ပွဲတစ်ပွဲမှာ မိနစ် (၉၀)ပြည့် က စားပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်တစ်ပွဲမှာ အနားပေးသင့်ရင်လည်း ပေးရမှာပါ။ ကျွန်တော်တို့အသင်းကလည်း မက်ဆီမကစားနိုင်တဲ့ပွဲတွေမှာ စွမ်းဆောင်ရည်ပိုကောင်းလာဖို့အတွက် ပြင်ဆင်ထားဖို့လိုပါတယ်။ သူ့ရဲ့အကောင်း ဆုံးပုံစံကို ပြန်ရဖို့ ဖြည်းဖြည်းချင်းသွားနေပြီး မကြာခင် အကောင်းဆုံးပုံစံကိုမြင်ရမှာပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်