Top News

ဇီဒန်းနေရာ၌ အစားထိုးရန် နည်းပြဟောင်း မော်ရင်ဟိုအား ရီးယဲလ်အသင်း ဆက်သွယ်ခဲ့ဟု စပိန်ရုပ်သံဖော်ပြ
24htopnews | January 20, 2025 3:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်းသည်  ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေသည့်  နည်းပြဇီဒန်း၏နေရာတွင်အစားထိုးရန် နည်းပြဟောင်း မော်ရင်ဟိုအား ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း စပိန်ရုပ်သံ El Chiringuito က ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည်  ပြီးခဲ့သည့်အောက်တိုဘာ (၁၉)ရက် က ကစားခဲ့သည့်လာလီဂါပွဲစဉ်တွင် မာယော့ကာအသင်းအား (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရုပ်သံက ဖော်ပြခဲ့သည်။

 

ဇီဒန်းသည်  ရီးယဲလ်အသင်းအား ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၃)နှစ်ဆက်ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ဒုတိယအကြိမ်ကိုင်တွယ်ရာတွင်မူ နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း အသင်း၏နိုင်ပွဲရာခိုင်နှုန်း ဒုတိယအနည်းဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်နေသည်။

သို့ဖြစ်ရာ ၂၀၁၁-၁၂ ရာသီက ရီးယဲလ်အသင်းအား လာလီဂါချန်ပီယံဆုရယူပေးခဲ့သည့် မော်ရင်ဟိုကို ပြန်လည်ခန့်အပ်ရန် အသင်းဥက္ကဋ္ဌ ပီရက်ဇ်က အလိုရှိနေကြောင်းလည်း  သိရှိရသည်။

မော်ရင်ဟိုသည် ၂၀၁၀  ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပြိုင်ပွဲစုံ (၁၇၈)ပွဲကိုင်တွယ်ခဲ့ရာတွင် (၁၂၈) ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး လာလီဂါချန်ပီယံဆုအပါအဝင် စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလား တစ် ကြိမ်စီရယူပေးခဲ့သည်။

လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသည့် မော်ရင်ဟိုသည် ဇီဒန်း၏နေရာအစားဝင်မည့် နည်းပြသစ်အလေးပေးမှု၌ စပါးအသင်းနည်းပြ ပိုချက်တီနိုနှင့်အတူ ထိပ်ဆုံးမှဦးဆောင်နေကြောင်း သိရသည်။

ရီးယဲလ်နည်းပြသစ် အလေးပေးမှုများ

အမည်        ကလပ်        အလေးပေးမှု

မော်ရင်ဟို        -         ရး၄

ပိုချက်တီနို      စပါး         ရး၄

အယ်လီဂရီ    -                ၉း၂

အလွန်ဆို         ဆိုစီဒက်(B)     ၅း၁

ယာဒင်း         -         ၁ဝး၁

ရာအူးလ်        ရီးယဲလ်(B)    ၁၂း၁

 


READ NEXT
Cancel OK