Top News

ကလပ်ဘရုဂေးနှင့်ပွဲတွင် ကာဗာနီနှင့် ဘာပေတို့ မိနစ် (၉၀) ပြည့် ကစားနိုင်မည်မဟုတ်ဟု တူဟယ်လ် ဆို
24htopnews | January 20, 2025 3:12 AM CST

PSG အသင်းနည်းပြ တူဟယ်လ်က ယနေ့ညကစားမည့် ကလပ်ဘရုဂေးနှင့် အသင်းတိုက်စစ်မှူးများဖြစ်သည့် ကာဗာနီနှင့် ဘာပေတို့မှာ မိနစ် (၉၀)အပြည့် ကစားနိုင်ဦးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

PSG အသင်းနည်းပြ တူဟယ်လ်က ယနေ့ညကစားမည့် ကလပ်ဘရုဂေးနှင့် အသင်းတိုက်စစ်မှူးများဖြစ်သည့် ကာဗာနီနှင့် ဘာပေတို့မှာ မိနစ် (၉၀)အပြည့် ကစားနိုင်ဦးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ကာဗာနီသည် တင်ပါးဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သည့် နိုက်စ်နှင့်ပွဲတွင် အရန်စာရင်း၌ ပါဝင်ခဲ့သည်။ ထို့အတူ ဘာပေမှာလည်း နိုက်စ်အသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ကြောင်း သိရသည်။

တူဟယ်လ်က ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁:၃ဝနာရီ)တွင် ကစားမည့် ကလပ်ဘရုဂေးနှင့်ပွဲ၌ ကာဗာနီနှင့် ဘာပေတို့ကို ပွဲထွက်အဖြစ် အသုံးပြုဖွယ်ရှိနေသော်လည်း ၎င်းတို့မှာ မိနစ်(၉၀)အပြည့်ကစားရန် ကြံ့ခိုင်မှုမရှိသေးကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

တူဟယ်လ်က "ကလပ်ဘရုဂေးနဲ့ အသုံးပြုနိုင်တဲ့ ကစားသမား (၂၀)လောက်ရှိပါတယ်။ ဒါပေမဲ့ ဘာပေအနေနဲ့ မိနစ် (၉၀)အပြည့် ကစားနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒီတော့ သူ့ကို ပွဲစကတည်းက ထုတ်သုံးမလား။ နောက်ပိုင်းမှာ သုံးမလားဆိုတာကို စဉ်းစားရမှာပါ။ ကာဗာနီကလည်း ဘာပေလို အခြေအနေမျိုးပါပဲ။ ဒါပေမဲ့ သူတို့ (၂)ယောက်ရှိနေတာကို ကျွန်တော်တို့ကို အားတက်စေပါတယ်"ဟု ပြောကြားခဲ့သည်။

PSG အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စု (A)၌ ကလပ်ဘရုဂေး၊ ဂါလာတာစာရေး၊ ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့် အတူ ကျရောက်နေပြီး ပွဲစဉ် (၂)ပွဲကစားပြီးချိန်တွင် (၂)ပွဲစလုံး အနိုင်ရကာ ရမှတ် (၆)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။

 


READ NEXT
Cancel OK