Top News

မိမိအား မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့် မနှိုင်းယှဉ်ကြရန် စတာလင် ပြောကြား
24htopnews | January 20, 2025 3:12 AM CST

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်က မိမိအား မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့် မနှိုင်းယှဉ်ကြရန် ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်က မိမိအား မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နှင့် မနှိုင်းယှဉ်ကြရန် ပြောကြားခဲ့သည်။ 

စတာလင်သည် နောက်ပိုင်းနှစ်များတွင် မန်စီးတီးနှင့် အင်္ဂလန်အသင်းများအတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့သည့် (၂)ရာသီအတွင်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၈)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ 

သို့သော် စတာလင်က မိမိအနေဖြင့် Ballon d'Or ဆုကို (၅)ကြိမ်စီ ရယူထားကြသည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ကဲ့သို့ အဆင့်အတန်းမျိုး မရှိကြောင်း ပြောကြားခဲ့သည်။

စတာလင်က "မက်ဆီက တစ်ခေတ်မှာ တစ်ယောက် ပေါ်လာတဲ့သူမျိုးပါ။ တကယ်လို့ ကျွန်တော်အနေနဲ့ နောက် (၁၅)ရာသီလောက် တစ်ရာသီ ဂိုး(၅၀)၊ (၆၀) လောက် သွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ ကျွန်တော့်ကို နှိုင်းယှဉ်ပြီး ပြောနိုင်မယ် ထင်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော့်ကို မက်ဆီ၊ စီရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒါက ကျွန်တော့်အနေနဲ့ ကိုယ်ကိုယ့်ကိုယ် တန်ဖိုးမထားလို့ ပြောနေတာမျိုး မဟုတ်ပါဘူး။ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့က (၁၅)နှစ်လောက် တစ်ရာသီကို ဂိုး (၄၀)၊ (၅၀)၊ (၆၀) လောက် သွင်းခဲ့ကြတာပါ"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား စတာလင်သည် ယခုရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲတွင် (၉)ဂိုး သွင်းယူထားခဲ့သည်။ 

 


READ NEXT
Cancel OK