Top News

လူမျိုးရေးခွဲခြားသူများကို VAR ကင်မရာများဖြင့် ဖော်ထုတ်ရန် အီတလီဘောလုံးအဖွဲ့ချုပ် စီစဉ်
24htopnews | January 20, 2025 3:12 AM CST

အီတလီဘောလုံးအဖွဲ့ချုပ်သည် ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကို တားဆီးတိုက်ဖျက်နိုင်ရန်အတွက် VAR  ကင်မရာများအား အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်သည် ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုများကို တားဆီးတိုက်ဖျက်နိုင်ရန်အတွက် VAR  ကင်မရာများအား အသုံးပြုသွားရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက ဘောလုံးကွင်းအတွင်း လူမျိုးရေးခွဲခြားသူများကို VAR ကင်မရာများဖြင့် စောင့်ကြည့်ရာတွင် အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခဲ့သည်။

ဂရာဗီနာက "လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့တိုက်ပွဲမှာ ကျွန်တော်တို့ အနိုင်ယူနိုင်မှာပါ။ ဒါပေမဲ့ အားလုံးစုစည်းမှုအပြည့်နဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ နည်းပညာကို အသုံးပြုသွားမှာပါ။ VAR စနစ်က ဒီနေရာမှာ အသုံးဝင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ အဓိကအားဖြင့်တော့ ဒီလိုပရိသတ်တွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထားသွားမှာပါ။ အီတလီဘောလုံးကွင်းတွေမှာ ဒီလိုဖြစ်ရပ်တွေ ပပျောက်သွားစေရပါမယ်"ဟု ပြောကြားခဲ့သည်။

ယခုရာသီအတွင်း ကစားခဲ့သည့် စီးရီးအေပွဲစဉ်များတွင် အင်တာမီလန်တိုက်စစ်မှူး လူကာကူ၊ ဖီအိုရင်တီးနားကွင်းလယ်လူ ဒါလ်ဘတ်နှင့် အေစီမီလန်ကွင်းလယ်လူ ကက်ဆီးတို့မှာ လူမျိုးရေးခွဲခြားမှုများ ခံခဲ့ရကြောင်း သိရသည်။ 

စီးရီးအေပြိုင်ပွဲတွင် ယခုကဲ့သို့ လူမျိုးရေးခွဲခြားမှုများကို တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက တိုက်တွန်းထားကြောင်းလည်း သိရသည်။

 


READ NEXT
Cancel OK