Top News

အီဘာနှင့်ပွဲတွင် ပွဲထွက်မှု(၁၅)နှစ်ပြည့်အတွက် အထူးပြုလုပ်ထားသည့်ဖိနပ်ကို မက်ဆီ ဝတ်ဆင်မည်
24htopnews | January 20, 2025 3:12 AM CST

ဘာစီလိုနာအသင်း၏ အသင်းခေါင်းဆောင် မက်ဆီသည် ကစားသမားဘဝ စတင်ပွဲထွက်မှု(၁၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အီဘာအသင်းနှင့် ကစားမည့်ပွဲတွင် Adidas ၏  အထူးပြုလုပ်ထားသည့်ဖိနပ်ကို ဝတ်ဆင်ကစားသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

ယင်းဖိနပ်သည် အဖြူရောင်၊ အပြာရောင်နှင့် ရွှေရောင်များကို အသုံးပြုကာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး NEMEZIZ 19+ ဟု အမည်ပေးထားကြောင်း သိရသည်။ 

ဖိနပ်၏ ဘယ်ဘက်တွင် နံပါတ်(၁၀)ဟု ရေးထိုးထားပြီး ညာဘက်တွင်မူ မက်ဆီ လူစားဝင်သည့် မိနစ်ဖြစ်သည့် (၈၂)နှင့် ကစားသည့်နေ့ (၁၆-၁၀-၂ဝဝ၄)ကို ရေးထိုးထားသည်။

အသက် (၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုရာသီတွင် ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရပြီး ယခုရာသီပြိုင်ပွဲစုံ (၅)ပွဲတွင် (၁)ဂိုးသာ သွင်းယူခဲ့သည်။ 

သို့သော် ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ယခုအခါ မက်ဆီအနေဖြင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

READ NEXT
Cancel OK