
မန်စီးတီးအသင်းသည် နှစ်သစ်ကူးပွဲကျပ်ကာလတွင်ကစားရမည့် ပွဲစဉ်အပြောင်းအလဲဖြစ်ပေါ်ခြင်းအတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
မူလက Boxing Day (ဒီဇင်ဘာ ၂၆ ရက်) တွင်ကစားမည့် ဝုလ်ဗ်-မန်စီးတီးပွဲကို ဒီဇင်ဘာ ၂၇ ရက် ဗြိတိန်စံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်သို့ ရွှေ့ဆိုင်းခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင်လည်း မန်စီးတီး-ရှက်ဖီးယူနိုက်တက် ပွဲကို ဗြိတိန်စံတော်ချိန် ညနေ ၆ နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သို့ဖြစ်ရာ မန်စီးတီးအသင်းသည် ယင်းပွဲစဉ်နှစ်ပွဲအကြား အနားယူချိန် ၄၈ နာရီပင် မပြည့်တော့သဖြင့် ကစားသမားများ၏ ကြံ့ခိုင်မှုနှင့် ကျန်းမာရေး အတွက် အကာအကွယ်ပေးရန် လိုအပ်ကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကမူ ရုပ်သံလွှင့်ဋ္ဌာနများမှာ အခြားအသင်းများ၏ပရိသတ်များဖြစ်သည်ဟု အရွှန်းဖောက်ခဲ့သည်။
ဝုလ်ဗ်အသင်းမှာလည်း ဒီဇင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲတွင် လီဗာပူးလ်နှင့် ထပ်မံကစားရမည်ဖြစ်သည်။
MAN CITY'S CHRISTMAS SCHEDULE(Premier League fixtures only)
December 3 - Burnley A
December 7 - Man United H
December 15 - Arsenal A
December 21 - Leicester H
December 27 - Wolves A
December 29 - Sheffield United H
January 1 - Everton H
LIVERPOOL'S CHRISTMAS SCHEDULE(Premier League fixtures only)
December 4 - Everton H
December 7 - Bournemouth A
December 14 - Watford H
December 21 - West Ham (Postponed)
December 26 - Leicester A
December 29 - Wolves H
January 2 - Sheffield United H
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်