
ဘူလ်ဂေးရီးယားလက်ရွေးစင်အသင်းနည်းပြ ဘာလာကော့ဗ်သည် ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုဖြစ်ရပ်ကြောင့် အောက်တိုဘာ (၁၈) ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဘူလ်ဂေးရီးယားလက်ရွေးစင်အသင်းနည်းပြ ဘာလာကော့ဗ်သည် ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှုဖြစ်ရပ်ကြောင့် အောက်တိုဘာ (၁၈) ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ (၁၄) ရက်က ဘူလ်ဂေးရီးယားနှင့် အင်္ဂလန်အသင်းတို့ကစားခဲ့သည့် ယူရိုခြေစစ်ပွဲတွင် အိမ်ရှင်ပရိသတ်များက အင်္ဂလန်ကစားသမားများကို လူမျိုးရေးခွဲခြားခဲ့သောကြောင့် ပထမပိုင်းမပြီးခင် နှစ်ကြိမ် ရပ်နားခဲ့ရသည်။
ယင်းဖြစ်ရပ်ကြောင့် ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် (BFU) ဥက္ကဋ္ဌ မီကိုင်လော့ဗ် ရာထူးမှနုတ်ထွက်ရန် ဝန်ကြီးချုပ် ဘိုရစ်ဆော့ဗ်ကိုယ်တိုင် တိုက်တွန်းခဲ့သလို နည်းပြ ဘာလာကော့ဗ်မှာလည်း BFU အမှုဆောင်ကော်မတီအစည်းအဝေးတွင် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။
ဘူလ်ဂေးရီးယားအသင်းသည် ခြေစစ်ပွဲတွင် နိုင်ပွဲမရသေးဘဲ (၃)ပွဲသရေ၊ (၄)ပွဲရှုံးနိမ့်ထားသည်။
ဘူလ်ဂေးရီးယားအသင်းနည်းပြ ဘာလာကော့ဗ်သည် ဘူလ်ဂေးရီးယား-အင်္ဂလန်ပွဲတွင် ဘူလ်ဂေးရီးယားပရိသတ်များအနေဖြင့် လူမျိုးရေးခွဲခြားခဲ့ခြင်း မရှိကြောင်းနှင့် အင်္ဂလန်အသင်းဟာ ပုံကြီးချဲ့ခြင်းသာ ဖြစ်သည်ဟု ယင်းပွဲအပြီးတွင် ပြောကြားခဲ့သည်။
သို့သော် နောက်ပိုင်းတွင်မူ ဘာလာကော့ဗ်က မိမိ၏ပြောစကားများအတွက် အင်္ဂလန်အသင်းကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်