Top News

ချယ်လ်ဆီးနိုင်ပွဲဆက်ပြီး အိမ်ကွင်းမှာ သရေကျခဲ့တဲ့ စပါး
24htopnews | January 20, 2025 3:12 AM CST

စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးအသင်းက နယူးကာဆယ်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နောက်ပိုင်းမှာ ရုန်းကန်နေရတဲ စပါးကတော့ အိမ်ကွင်းမှာ ဝက်ဖို့ဒ်အသင်းကို (၁-၁)ဂိုးနဲ့ သရေသာ ကစားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ နယူးကာဆယ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက နောက်ခံလူ အလွန်ဆိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်စာရင်းမှာ အေဘရာဟမ်၊ မေဆန်မောင့်၊ ဝီလီယံ၊ ဘာကလ၊ ဂျော်ဂျင်ဟိုတို့နဲ့ လူစုံခဲ့ပြီး နယူးကာဆယ်ကလည်း ၅-၄-၁ ပုံစံကို အသုံးပြုကာ လူစုံပွဲထုတ်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ပွဲစကတည်းက နယူးကာဆယ်အသင်းကို ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်း ရရှိလာတဲ့ အခွင့်အရေးတွေကို တိုက်စစ်ကစားသမားတွေ အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ နယူးကာဆယ်ဂိုးသမား ဘူဘရာကာကလည်း လက်စွမ်းပြနေလို့ ချယ်လ်ဆီးတို့ ပထမပိုင်းမှာ ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ ဂိုးရဖို့အတွက် ပူလီဆစ်ကို ထည့်သွင်းကစားခဲ့ပါတယ်။ 

ပူလီဆစ် ဝင်လာပြီးနောက်မှာ ချယ်လ်ဆီးအခွင့်အရေးတွေ ရခဲ့ပြီး ပွဲချိန် (၇၁) မိနစ်မှာတော့ ပူလီဆစ်၊ အိုဒွိုင်တို့ရဲ့ တွဲလုံးကနေ အိုဒွိုင်းချပေးတာကို အသင့်ပါလာတဲ့ အလွန်ဆိုက ကန်သွင်းပြီး ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ကျန်ပွဲချိန်တွေမှာလည်း ချယ်လ်ဆီးအခွင့်အရေးရခဲ့ပေမယ့် ဂိုးထပ်မရတော့ဘဲ (၁-၀)ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

 

စပါးနဲ့ ဝက်ဖို့ဒ်တို့ရဲ့ ပွဲစဉ်မှာတော့ ရုန်းကန်နေရတဲ့ စပါးအသင်းဟာ အယ်လီရဲ့ နောက်ကျဂိုးကြောင့် အိမ်ကွင်းမှာ ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ 

စပါးအသင်းမှာ ဟာရီကိန်း၊ အယ်လီ၊ လူးကပ်စ်မော်ရာတို့လို အဓိကကစားသမားတွေ ပွဲထွက်ပါဝင်ခဲ့ကြပြီး ဝက်ဖို့ဒ်အသင်းကလည်း အကောင်းဆုံးလူစာရင်းနဲ့ စပါးကို ပြန်လည်ရင်ဆိုင်ခဲ့တာပါ။ 

တပ်ပျက်သလို ဖြစ်နေတဲ့ စပါးအသင်းဟာ ဒီနေ့ပွဲမှာလည်း ပွဲအစ (၆) မိနစ်မှာပဲ ဝက်ဖို့ဒ်အသင်းကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ အဲဒီဂိုးကို ယန်မတ်ရဲ့ ပေးပို့မှုကနေ ဒူကူဟေးက သွင်းယူခဲ့တာပါ။ 

ဂိုးပေးလိုက်ရပြီးနောက်မှာလည်း စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာရတာ တစ်ခုတည်းရှိခဲ့ပြီး ဝက်ဖို့ဒ်အသင်းကို လုံလောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ (၀-၁)ဂိုးနဲ့ ရှုံးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စပါးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ဖိကစားခဲ့ပါတယ်။ ဒါ့အပြင် ပိုချက်တီနိုက တိုက်စစ်ပိုင်းအတွက် ဆွန်ဟောင်မင်၊ လာမယ်လာတို့ကို ထည့်သွင်းကစားခဲ့တာကြောင့် စပါးတို့ အခွင့်အရေး ပိုဖန်တီးနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ဝက်ဖို့ဒ်အသင်းက ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ကစားနိုင်ခဲ့တာကြောင့် စပါးတို့ ဂိုးရဖို့ ခက်ခဲနေခဲ့ပြီး ပွဲချိန် (၈၆)မိနစ်မှာမှ ချေပဂိုးရခဲ့ပါတယ်။ အဲဒီဂိုးကို အယ်လီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

ကျန်ပွဲချိန်တွေမှာ စပါးတို့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘဲ ပွဲအပြီးမှာတော့ (၁-၁)ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

 

■ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ရလဒ်များ

အဲဗာတန် ၂-၀ ဝက်စ်ဟမ်း

ဘုန်းမောက် ၀-၀ နောဝစ်ချ်

အက်စတွန်ဗီလာ ၂-၁ ဘရိုက်တန်

ချယ်လ်ဆီး ၁-၀ နယူးကာဆယ်

လက်စတာ ၂-၁ ဘန်လေ

စပါး ၁-၁ ဝက်ဖို့ဒ်

ဝုလ်ဗ် ၁-၁ ဆောက်သမ်တန်

 


READ NEXT
Cancel OK