Top News

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ပူလီဆစ်ကို အငှားချမည်မဟုတ်ကြောင်း လမ်းပတ် ပြောကြား
24htopnews | January 20, 2025 3:12 AM CST

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတောင်ပံကစားသမား ပူလီဆစ်ကို အငှားချ မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိအနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းတောင်ပံကစားသမား ပူလီဆစ်ကို အငှားချ မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၁) နှစ်အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် ချယ်လ်ဆီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲတွင် မိနစ် (၄၀)ခန့်သာ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။ 

ပူလီဆစ်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အငှားချရန်ရှိသလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို လမ်းပတ်က "မရှိပါဘူး။ ပူလီဆစ်ကို ကျွန်တော်တို့ မျှော်လင့်ချက်ကြီးမားစွာနဲ့ ခေါ်ယူထားတာပါ။ သူက သိပ်မကြာခင်ကမှ အသက် (၂၁)နှစ်ပြည့်ခဲ့တာပါ။ အသင်းမှာ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်မှုတွေ ရှိပါတယ်။ ကျွန်တော်က လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားတွေကို ပွဲထုတ်တာပါ။ အသင်းမှာ ကစားသမားတိုင်းအတွက် အခွင့်အရေးရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ပူလီဆစ်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းကမှ ဒေါ့မွန်အသင်းမှ ပေါင် (၅၈)သန်းဖြင့် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ 

ပူလီဆစ်သည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံတွင် (၈)ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး တစ်ဂိုးမျှ သွင်းယူနိုင်သေးခြင်းမရှိကြောင်း သိရသည်။ 

 


READ NEXT
Cancel OK