
ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့် မန်ယူနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် PSG အသင်းဝါရင့်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့် မန်ယူနှင့် ဂျူဗင်တပ်စ်အသင်းတို့သည် PSG အသင်းဝါရင့်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၃၂) နှစ်အရွယ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ဒေးဗစ်ဘက်ခမ်ပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
သို့သော် ပြင်သစ်သတင်းစာ L'Equipe ၏ ဖော်ပြချက်အရ ကာဗာနီသည် မေဂျာလိဂ်သို့ ပြောင်းရွှေ့လိုခြင်းမရှိသည့်အတွက် အင်တာမိုင်ယာမီအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
PSG အသင်းနည်းပြ တူဟယ်လ်ကမူ ယခုရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကာဗာနီကို အသင်းမှထွက်ခွာစေလိုခြင်းမရှိဘဲ ဆက်ရှိနေစေလိုကြောင်း ပြောကြားထားသည်။
ကာဗာနီသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး PSG အသင်းအတွက် ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားထားနိုင်သေးပြီး (၂)ဂိုး သွင်းယူပေးထားသည်။
မန်ယူအသင်းသည် အားနည်းနေသည့် တိုက်စစ်ပိုင်းအတွက် ကာဗာနီကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကမူ အသင်းမှထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်မှူး မန်ဇူကစ်၏ နေရာတွင် အစားထိုးရန် ကာဗာနီကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်